ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်
ယူကရိန်းက မော်စကိုမြို့ကို ဒရုန်း ၆၂၀ စင်း စေလွှတ်ပြီး အကြီးအကျယ် တိုက်ခိုက်ခဲ့သလို ရုရှား ရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ၊ ခါကိဗ်ဒေသမှာ လူ ၁၀ ဉီး သေဆုံးခဲ့ပါတယ်။
တနင်္လာနေ့ညမှ အင်္ဂါနေ့မနက်ပိုင်းအထိ မော်စကိုဘက်ကိုလာတဲ့ ဒရုန်း ၁၈၀ စင်းကို ပစ်ချနိုင်ခဲ့ တယ်လို့ မော်စကိုမြို့တော်ဝန်က ပြောပါတယ်။
ဒါဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း မော်စကိုမြို့ကို ဒရုန်းအများဆုံးနဲ့ လာရောက်တိုက်ခိုက်တာလို့ ရု ရှားသတင်းဌာန TASS က ဖော်ပြပါတယ်။
မော်စကိုမြို့ပြင်ဒေသမှာ အိမ်တစ်လုံး မီးလောင်သွားပြီး အခြားအဆောက်အအုံတွေ ပျက်စီးခဲ့သ လို လူ ၃ ဉီး ဒဏ်ရာရခဲ့တယ်လို့ မော်စကိုမြို့တော်ဝန်က ဆိုပါတယ်။

မော်စကိုအရှေ့ဘက်ရှိ Wildberries အွန်လိုင်းစျေးဝယ်လုပ်ငန်းရဲ့ ဂိုဒေါင်တစ်ခုလည်း ထိမှန်ခဲ့ပါ တယ်။ အဲဒီကုမ္ပဏီဟာ ရုရှားစစ်တပ်အတွက် ဒရုန်းအပိုပစ္စည်းတွေ ထောက်ပံ့ပေးနေတာမို့ ယူကရိန်းက ပစ်မှတ်ထားတာပါ။
အခုတိုက်ခိုက်မှုတွေဟာ တာဝေးဒရုန်းစစ်ပွဲကို ပိုမိုအရှိန်မြှင့်လိုက်တာဖြစ်ပြီး ရုရှားရဲ့ လေ ကြောင်းကာကွယ်ရေးနဲ့ စီးပွားရေးကို ဖိအားပေးနေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ယူကရိန်းကလည်း ရုရှားရဲ့ ဒရုန်း ၁၄၇ စင်းထဲက ၁၁၁ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ သတင်းထုတ် ပြန်ပါတယ်။
ခါကိဗ်ဒေသရှိ ရွာတစ်ရွာကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့လို့ လူ ၁၀ ဉီး သေဆုံးပြီး ၁၈ ဉီး ဒဏ်ရာ ရခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးက ဒီလို ရက်ရက်စက်စက် တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချ ခဲ့ပြီး ရုရှားကို လက်တုံ့ပြန်မယ်လို့ ကတိပေးပါတယ်။
နှစ်ဘက်စလုံးက တာဝေးတိုက်ခိုက်မှုတွေကို ပိုလုပ်လာတာမို့ စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်နောက် ပိုင်း အရပ်သား သေဆုံးမှုနှုန်းဟာ အမြင့်ဆုံး ရောက်ရှိလာပါတယ်။
ကိုးကား – Al Jazeera
Ref; Russian attacks kill 10 in Kharkiv as Ukrainian drones hit Moscow