ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်သည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ခိုင်မာစေရန် အကြောင်းပြကာ လာမည့် စက်တင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင် ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်သည် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ရွေးတုသမ္မတအဖြစ် တာဝန်ယူပြီးနောက် သွားရောက်ခဲ့သည့် အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း နှင့် လက်ရှိ ရောက်ရှိနေသည့် ရုရှားနိုင်ငံတို့ပြီးနောက် ထပ်မံ သွားရောက်မည့် ခရီးစဉ်တစ်ခုလည်း ဖြစ်သည်။
ရွေးတုသမ္မတ မင်းအောင်လှိုင်၏ ခရီးစဉ်ကို ကမ္ဘောဒီးယား အထက်လွှတ်တော်က အတည်ပြုခဲ့ပြီး စစ်ခေါင်းဆောင်၏ ခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးကို ပိုမို ခိုင်မာစေမည်ဟု အထက် လွှတ်တော်ဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မင်းအောင်လှိုင်၏ ယခု ခရီးစဉ်သည် အခြားနိုင်ငံများကို သွားရောက်ခဲ့သကဲ့သို့ပင် သမ္မတအဖြစ် တရားဝင်မှုနှင့် အာဏာကို ခိုင်မာစေရန် ကြိုးပမ်းမှု၏ တစိတ်တပိုင်းဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံတကာဆက်ဆံရေးအင်စတီကျု ဥက္ကဋ္ဌ ဒေါက်တာ ကင်ဖီယာ (Kin Phea) က သုံးသပ်ထားသည်။
ရွေးတုသမ္မတမင်းအောင်လှိုင်၏ ယခုခရီးစဉ်သည် အခြားနိုင်ငံများကို သွားရောက်ခဲ့သလိုပင် သမ္မတအနေဖြင့် တရားဝင်မှုနှင့် အာဏာကို ခိုင်မာစေရန် ကြိုးပမ်းအားထုတ်မှု၏ တစိတ်တပိုင်း ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံတကာဆက်ဆံရေးအင်စတီကျု ဥက္ကဋ္ဌ ဒေါက်တာ ကင်ဖီယာ (Kin Phea) ကလည်း ပြောဆိုခဲ့သည်။
ထို့ပြင် အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ မြန်မာစစ်အုပ်စု ပြန်လည် ပါဝင်ခွင့်ရရှိရေးသည် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အပေါ်၌သာ မူတည်ပြီး ရွေးတုသမ္မတ မင်းအောင်လှိုင် လာရောက်မည့် ကမ္ဘောဒီးယား အပါအဝင် အခြားနိုင်ငံများ၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်မည် မဟုတ်ကြောင်းလည်း ဒေါက်တာ ကင်ဖီယာက ဆိုထားသည်။
ကိုးကား – Phnom Penh Post