ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်
အမေရိကန်က သီတင်းပတ်အနည်းငယ်အတွင်း ယာယီငြိမ်းချမ်းရေး သဘောတူညီချက်ကို အ ပြည့်အဝ အကောင်အထည်မဖော်ရင် ဟော်မုဇ်ရေလက်ကြားအပါအဝင် ဒေသတွင်း တင်းမာမှုတွေကို အ ရှိန်မြှင့်ပြီး စစ်ရေးအရ တိုက်ခိုက်သွားမယ်လို့ အီရန် အကြီးတန်းအရာရှိတစ်ဦးက တနင်္လာနေ့မှာ ပြောပါ တယ်။
သတ်မှတ်ရက်အတွင်း အမေရိကန်က အကောင်အထည်မဖော်ဘဲ သံတမန်ရေးအရ ပျက်ပြားသွား ခဲ့ရင် အီရန်အပေါ် အမေရိကန်ရေတပ်ရဲ့ ပိတ်ဆို့မှုကို ဖြိုခွဲဖို့အတွက် စစ်ရေးတိုက်ခိုက်မှုတစ်ခု ပြုလုပ်မယ် လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက ရရှိခဲ့တဲ့ သဘောတူညီချက်အတိုင်း သံတမန်ရေးရာ ဆွေးနွေးပွဲတွေ ပြန်လည်စ တင်ဖို့ ကြိုးပမ်းမှုတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ သဘောတူညီချက် မရမချင်း ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူး လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောထားပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက အီရန်အနေနဲ့ စံချိန်တင် စီးပွားရေးပိတ်ဆို့မှုတွေ ကြုံရလိမ့်မယ်လို့ သတိပေးထားပါတယ်။
“အီရန် သတ်မှတ်ထားတဲ့ သီတင်းပတ်အနည်းငယ်အတွင်း သဘောတူညီချက်ပါ အချက်အလက် အားလုံးကို အမေရိကန်က အကောင်အထည်ဖော်ရမှာဖြစ်ပြီး ဒါဟာ ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့အတွက် ပထမဆုံး လိုအပ်ချက်ပဲ” လို့ အီရန် အကြီးတန်းအရာရှိက ဆက်ပြောပါတယ်။
အီရန်ရဲ့ ဒီအကြောင်းကို ကြားဝင်စေ့စပ်ပေးသူတွေကတစ်ဆင့် အမေရိကန်နဲ့ ဒေသတွင်းနိုင်ငံ တွေကို အကြောင်းကြားမယ်လို့လည်း သိရပါတယ်။
ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး အရေးယူဖို့ အီရန်က အဆင်သင့်ရှိနေပြီး ဟော်မုဇ်ရေလက် ကြားနဲ့ ဒေသတွင်းမှာ တင်းမာမှုတွေ အရှိန်မြှင့်ဖို့ အီရန်အဖွဲ့အစည်းတွေအနေနဲ့ ပြင်ဆင်ထားရမယ်လို့ ၎င်းက ဆိုပါတယ်။
အမေရိကန်နဲ့ သံတမန်နည်းလမ်းအတိုင်း ဆွေးနွေးမှုတွေအပေါ် ယုံကြည်မှု လျော့နည်းလာတာ ကြောင့် အီရန်အနေနဲ့ ခုခံကာကွယ်တဲ့ မူဝါဒကနေ တိုက်စစ်ဆင်တဲ့ မူဝါဒဘက်ကို ပြောင်းလဲလိုက်ပြီလို့ သူက ပြောပါတယ်။
ကိုးကား – Reuters
Ref; Iran says it will escalate if US does not honour deal within weeks