ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်
ယူကရိန်းက ရုရှားနယ်မြေအတွင်း တိုက်ခိုက်မှုတွေမှာ ဗြိတိန်လုပ် ဒရုန်းတွေကို အသုံးပြုခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဗြိတိန်နိုင်ငံအနေနဲ့ ဒီအတွက် တန်ကြေး ပေးဆပ်ရမှာဖြစ်သ လို နောက်ဆက်တွဲ အကျိုးဆက်တွေလည်း ရင်ဆိုင်ရမယ်လို့ ရုရှားက ပြောဆိုလိုက်ပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ဆင်နွှဲနေတဲ့ နှစ်တွေအတွင်း ယူကရိန်းကို နည်းလမ်းမျိုးစုံနဲ့ ကူညီပံ့ပိုးပေးနေတဲ့ နိုင်ငံတွေကို ရုရှားက သတိပေးတာနဲ့ ခြိမ်းခြောက်တာတွေ ခပ်စိပ်စိပ် ပြုလုပ်လာပါ တယ်။
ဗြိတိန်ကုမ္ပဏီတွေ ထုတ်လုပ်တဲ့ ဒရုန်းတွေကို အသုံးပြုပြီး ယူကရိန်းက ရုရှားနိုင်ငံရှိ ပစ်မှတ်တွေ ကို တိုက်ခိုက်ခဲ့တာလို့ The Sunday Times သတင်းစာမှာ ဖော်ပြခဲ့ပြီးနောက် ရုရှားက အခုလို တုံ့ပြန်မှု တွေ ထွက်ပေါ်လာတာပါ။

“ဗြိတိန်ရဲ့ အခုလိုလုပ်ရပ်တွေအတွက် ရလဒ်ဆိုးတွေ မလွဲမသွေ ကြုံတွေ့ရမှာဖြစ်သလို ဒီအတွက် လည်း တာဝန်ယူရလိမ့်မယ်” လို့ ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက လူမှုကွန်ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း ယူကရိန်းက ရုရှားနိုင်ငံရှိ ပစ်မှတ်တွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက် ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။
ရုရှားကလည်း ယူကရိန်းမြို့တော် ကိယက်ဗ် အပါအဝင် အခြားမြို့ကြီးတွေကို ဒုံးကျည်တွေ၊ ဒရုန်း တွေနဲ့ လေကြောင်းမှတစ်ဆင့် တိုက်ခိုက်မှုတွေကို ယခင်ကထက် ပိုမိုပြင်းထန်စွာ ပြုလုပ်လာပါတယ်။
နှစ်ဘက်စလုံးက လေကြောင်းတိုက်ခိုက်မှုတွေကို အပြန်အလှန် အရှိန်မြှင့် လုပ်ဆောင်လာတာ ကြောင့် ရုရှားနဲ့ ယူကရိန်းကြား ပဋိပက္ခဟာ ပိုမိုတင်းမာစရာ အခြေအနေသို့ ဦးတည်သွားနိုင်ကြောင်း နိုင် ငံတကာ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
ကိုးကား – Sweden Herald
Ref; Russia warns Britain of consequences after reports British drones used in Ukraine attacks on Russia