ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်

အီရန်စစ်တပ်ဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ် သို့မဟုတ် အရှင်ဖမ်းဆီးနိုင်သူတွေကို အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ဆုကြေးငွေ ပေးသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ လုပ်ဆောင်ချက်ကို ရဲရင့်တဲ့ အီရန်အမျိုးသမီးတစ်ဦးက ပြုလုပ်ခဲ့တာဆိုရင်တော့ ဆုကြေး ငွေ နှစ်ဆ ရရှိမှာ ဖြစ်ပါတယ်။

ဆုကြေးပေးမယ့် အစီအစဉ်ကို ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကြောင့် လုပ်ဆောင်မှာဖြစ် ကြောင်း အီရန်စစ်တပ် ကာကွယ်ရေးဦးစီးချုပ် အာမီယာဟာတာမီက ပြောပါတယ်။

အမေရိကန်စစ်တပ်အနေနဲ့ အရှေ့အလယ်ပိုင်းမှ ထွက်ခွာသွားဖို့နဲ့ ပါရှန်းပင်လယ်ကွေ့၊ အိုမန်ပင် လယ်ကွေ့နဲ့ ဟော်မုဇ်ရေလက်ကြားတို့ထဲ ဝင်ရောက်ခွင့်မရှိကြောင်း အီရန်က သတိပေးထားပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ရာမှ စစ်ပွဲ စတင်ခဲ့ပြီး စစ်ပွဲကာလအတွင်း အီရန်ပိုင်နက်ထဲမှာ အမေရိကန် မြေပြင်တပ်ဖွဲ့တွေ တရားဝင် တပ်စွဲထားခြင်း မရှိ သေးပါဘူး။

အမေရိကန်ရဲ့ တစ်ခုတည်းသော မြေပြင်စစ်ဆင်ရေးမှာ ပြီးခဲ့တဲ့ ဧပြီလမှာ ပျက်ကျသွားတဲ့ F-15 တိုက်လေယာဉ်ပေါ်က အမေရိကန်စစ်သည်တစ်ဦးကို ကယ်ထုတ်ဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀ ခန့်နဲ့ လေယာဉ် ၁၇၀ ကျော် ပါဝင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုသာ ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါစစ်ဆင်ရေးအတွင်း အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် A-10 တိုက်လေယာဉ်တစ် စင်း ထိခိုက်ခဲ့ရသလို၊ စစ်ဆင်ရေးမှာ သုံးခဲ့တဲ့ C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းကိုလည်း စွန့်လွှတ်ခဲ့ရပါတယ်။

အမေရိကန်နဲ့ အီရန်ကြား ဧပြီလမှာ အပစ်အခတ် ရပ်စဲခဲ့ပြီး ဇွန်လမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေ ပြုလုပ်ခဲ့ပေမယ့် အကောင်အထည်မဖော်နိုင်ဘဲ ပျက်ပြားခဲ့ပါတယ်။

ကြားဝင်စေ့စပ်သူတွေမှတစ်ဆင့် သံတမန်ရေးအရ ဆွေးနွေးမှုတွေ ရှိနေပေမဲ့ တိုးတက်မှု အရိပ် အယောင် မတွေ့ရသေးသလို အီရန်က ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးဖို့ စစ်လျော်ကြေး တောင်းခံ တာအပါအဝင် တောင်းဆိုချက်တွေကို ထုတ်ပြန်ထားပါတယ်။

အီရန်တောင်ပိုင်းနဲ့ ဟော်မုဇ်ရေလက်ကြား ပတ်ဝန်းကျင်ဒေသတွေမှာ နှစ်ဖက်ကြား မကြာခဏ ဆိုသလို ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

စစ်ပွဲစတင်ချိန်ကတည်းက လက်ရှိအချိန်အထိ ကျဆုံးခဲ့ရတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁၇ ဦး ရှိပြီး အားလုံးဟာ အီရန်နိုင်ငံပြင်ပမှာ ကျဆုံးခဲ့ရတာဖြစ်ပါတယ်။

ကိုးကား – AFP
Ref; Iran offers $51,000 bounty for killing or capturing US soldiers