ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်

ပဲခူးတိုင်း အနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်အတွင်းသို့ ရွေးတုအစိုးရစစ်တပ်က စစ်အင်အားများ ထပ်မံ တိုးမြှင့်လျက်ရှိကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ပြည်-နဝဒေးတံတားကို ဖြတ်သန်း၍ စစ်အင်အား အပြည့် ပါဝင်သည့် စစ်ယာဉ်တန်း ခုနစ်စီးသည် ပန်းတောင်းတပ်နယ်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ယာဉ်တန်းမှာ လက်ရှိတွင် အမှတ် (၆)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) အတွင်း စုဖွဲ့လျက်ရှိနေပြီး ညောင်ကျိုးရိုးပေါ်သို့ သို့မဟုတ် သူရဲတန်းကြီးဝိုင်းအတွင်းသို့ တပ်ဖြန့်ခွဲမှုများ ပြုလုပ်သွားမည့် အခြေအနေကို ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်မျက်နှာတွင် ရွေးတုအစိုးရစစ်တပ်များ အထိနာနေပြီး စကခမှူး အပါအဝင် သေဆုံးမှုများပြားခဲ့သည့် စကခ-၁၀ လက်အောက်ခံ တပ်ရင်းအချို့ကို ပြန်လည် ဆွဲထုတ်ခဲ့ရသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကလည်း ပန်းတောင်းမြို့အခြေစိုက် ခလရ -၉၂ မှ စစ်ယာဉ်တန်း ၁၂ စီးဖြင့် ညောင်ကျိုးရိုးပေါ်သို့ အင်အား ဖြည့်တင်းမှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုံစာ-စစ်တပ်ယာဉ်တန်များ(ပုံဟောင်း)