ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ သူ့ကြားက အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးကို အကြောင်းပြပြီး တောင်ကိုရီးယားနဲ့ ပြုလုပ်မယ့် ပူးတွဲစစ်ရေးလေ့ ကျင့်မှုတွေကို လျှော့ချဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို ညွှန်ကြားလိုက်ပါတယ်။

 

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွေဟာ ကုန်ကျစရိတ် များပြားသလို သူ့လက်ထက်မှာ ရန်လိုမှုမရှိဘဲ လေးစားမှုပြထားတဲ့ မြောက်ကိုရီးယားအပေါ် မလိုလားအပ်တဲ့ ရန်စမှုမျိုး သက်ရောက်စေတယ်လို့ ဒေါ် နယ်ထရမ့်က တနင်္ဂနွေနေ့က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

 

အီရန်နျူကလီးယားအရေးမှာ ပါဝင်ဖို့ တောင်ကိုရီးယားသမ္မတကို အကူအညီတောင်းခံခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းဖို့ အချိန်မမီတော့တာကြောင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အရွယ်အ စားကို အသိသာဆုံး လျှော့ချဖို့ ကာကွယ်ရေးဝန်ကြီး ပိတ်ဟက်ဂ်ဆက်သ်ကို ညွှန်ကြားထားတယ်လို့ သူ က ဆိုပါတယ်။

 

ဒေါ်နယ်ထရမ့်ရဲ့ ရေးသားချက်နှင့် ပတ်သက်ပြီး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးလေ့ကျင့်မှုတွေကို စီစဉ်ထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်မယ်လို့ တုံ့ပြန်ပါတယ်။

 

ဩဂုတ် ၁၇ ရက်မှ ၂၇ ရက်အထိ ၁၁ ရက်ကြာ ပြုလုပ်မယ့် “Ulchi Freedom Shield” ပူးတွဲစစ် ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၁၈,၀၀၀ ပါဝင်မှာဖြစ်ပြီး နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။

 

မြောက်ကိုရီးယားက ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်ဖို့ လေ့ကျင့်နေတာလို့ စွပ်စွဲပြီး အမြဲ တမ်း မကျေမနပ် ဖြစ်လေ့ရှိပါတယ်။

 

စစ်ရေးလေ့ကျင့်မှုတွေဟာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုကို ပိုမိုမြင့်တက်စေတဲ့ ရန်စမှုတစ် ခုလို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့သတင်းပတ်မှာ ရှုတ်ချခဲ့ပါ တယ်။

 

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ နျူကလီးယားမဟာ မိတ်အဖြစ်သို့ ကူးပြောင်းလာနေပြီး ခြိမ်းခြောက်မှုကို ဟန့်တားမှုအဆင့်သစ်နဲ့ တုံ့ပြန်သွားမယ်လို့ မြောက် ကိုရီးယားက သတိပေးထားပါတယ်။

 

ဒေါ်နယ်ထရမ့်ဟာ ပထမသက်တမ်းမှာလည်း ကင်ဂျုံအန်နဲ့ သုံးကြိမ်တိုင် တွေ့ဆုံခဲ့ဖူးပြီး ၂၀၁၈ ခု နှစ် စင်ကာပူထိပ်သီးဆွေးနွေးပွဲအပြီးမှာ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ကုန်ကျစ ရိတ်များပြီး ရန်စရာရောက်တယ်လို့ဆိုကာ ရပ်ဆိုင်းဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

 

ကိုးကား – Al Jazeera
Ref; Trump says US to ‘substantially reduce’ military drills with South Korea