စက်တင်ဘာလ ၁၆ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS)

– ရေဦးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒု-ရဲမှူးကြီး ဝင်းနိုင် ကိုယ့်ကိုယ်ကိုသေနတ်နဲ့ပစ်ပြီး သေဆုံးမှုဖြစ်ပွား

– ဟင်္သာတခရိုင်အတွင်း နိုင်/ကျဉ်းများအမှုလိုက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွဋ် ထောင် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခံရ

– ဟိုင်းကြီးကျွန်းမြို့နယ်တွင် အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံရခိုင်တိုင်းရင်းသား ၆ ဦးအား စစ်ကောင်စီက အကြောင်းပြချက်မပေးဘဲ ဖမ်းဆီး

– စစ်ကောင်စီနဲ့ ဆွေးနွေးတာတွေ ထပ်မလုပ်ဖို့ မွန်အဖွဲ့အစည်း ၁၀ ဖွဲ့ အိတ်ဖွင့်စာပေးပို့

– မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ တညလုံး ရမ်းသန်းပစ်ခတ်

– လားဟူပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးယိဆေး ကွယ်လွန်

– ကနီမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ မီးရှို့

– စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်က လုပ်ငန်းတွေ ပြိုလဲပျက်စီး

– နယ်စပ်ကုန်သွယ်ရေး မငြိမ်မသက် ဖြစ်နေတာကြောင့် ကွမ်းသီး ရောင်းဝယ်ရေး ရပ်နား