
Mtube မှာ ညစ်ညမ်းဗီဒီယိုတွေ ပြသထားတယ်ဆိုတဲ့သတင်း မဟုတ်မှန်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းငြင်းဆို
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၆ ရက်
စစ်ကောင်စီကတီထွင်နေတဲ့ Mtube လူမှုကွန်ယက်မှာ ညစ်ညမ်းဗီဒီယိုတွေပြသထားတယ်ဆိုတဲ့သတင်းဟာ မဟုတ်မှန်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောဆိုလိုက်ပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီကအသုံးပြုမယ်ဆိုတဲ့ You Tube အစား ထိုး Mtube လူမှုကွန်ယက်မှာ ညစ်ညမ်းဗီဒီယိုတွေပြသထားတယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ယက် ပေါ် ပြန့်နှံ့လာတာနဲ့ပတ်သက်လို့ Mtube ကစမ်းသပ်နေတုန်းဘဲရှိသေးလို့ မဟုတ်မှန်ဘူးလို့ စစ်ကောင်စီပြောခွင့်ရက အခုလိုငြင်းဆိုလိုက်တာပါ။
Mtube platform အား စမ်းသပ်လုပ်ဆောင်ဆဲအဆင့်တွင်သာ ရှိနေသေးပြီး Mtubeမှာ ညစ်ညစ်းဗီဒီယိုတွေတင်ထားတဲ့သတင်းဟာမဟုတ်မှန်ဘဲ အမှန်တကယ် အသုံးပြုထုတ်လွှင့်မည့်အချိန်ကို ဆက်လက်အသိပေးထုတ်ပြန်မယ် လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီနဲ့နီးစပ်တဲ့မီဒီယာတွေကိုပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီဟာ ၄င်းတို့ထုတ်ပြန်တဲ့သတင်းတွေ ရုပ်သံဖိုင်တွေကို လူမှုကွန်ယက်မှာတင်တဲ့အပေါ် မကြာခနဖြုတ်ချခံရပြီး ၄င်းတို့ဝါဒဖြန့် သတင်းမီဒီယာ Apk တွေဖြုတ်ချခံနေရတာနဲ့ပတ်သက်လို့ နည်းပညာအနိုင်ကျင့်ခံနေရတယ်ဆိုပြီး အခုလဆန်းပိုင်းကစလို့ You Tube အစားထိုး Mtube Platform ကို တီထွင်အသုံးပြုမယ်လို့ ပြောဆိုလာတာဖြစ်ပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီကအသုံးပြုမယ်ဆိုတဲ့ Mtubeမှာ ညစ်ညမ်းဗီဒီယိုတွေတင်ထားတယ်ဆိုပြီး စကရင်ရှော့ဓာတ်ပုံတွေနဲ့ သတင်းတွေပြန့်နှံ့လာတာဖြစ်ပါတယ်။
#AyeyarwaddyTimes