ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်

 

ဂျပန်နိုင်ငံ၊ တိုကျိုမြို့အရှေ့ဘက်ရှိ ချီဘာခရိုင်မှာ စံချိန်တင် မိုးရွာသွန်းခဲ့ပြီး ကာဗွန်မိုနောက် ဆိုက် အဆိပ်ငွေ့မွှန်းကာ လူတစ်ဦး ထပ်မံ သေဆုံးခဲ့လို စုစုပေါင်း သေဆုံးသူ ၁၀ ဦးအထိ ရှိလာပြီလို့ တာ ဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

 

ကြာသပတေးနေ့ ညနေပိုင်းကစတင်ပြီး ချီဘာမြို့မှာ နာရီဝက်အတွင်း ဩဂုတ်လ ပျမ်းမျှမိုးရေ ချိန်ရဲ့ ၃ ဆခန့်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

 

သေဆုံးသွားသူမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက် နေချိန် ချီဘာမြို့ရှိ သူ့နေအိမ်မှာ မီးစက်မောင်းနှင်အသုံးပြုရာမှ ကာဗွန်မိုနောက်ဆိုက် အဆိပ်ငွေ့မွှန်းကာ သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။

 

ခရိုင်တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ မိုးသည်းထန်မှုကြောင့် အိမ် ၁၃ လုံး ပျက်စီးခဲ့ကာ အ ဆောက်အအုံ ၂၉ လုံး ထိခိုက်ခဲ့တဲ့အပြင် အိမ်ခြေ ၁,၅၀၀ နီးပါး ရေနစ်မြှုပ်ခဲ့ပါတယ်။

 

တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ စာရင်းတွေအရ အစိုးရက စီစဉ်ပေးထားတဲ့ ရေဘေးရှောင်စခန်း တွေမှာ ရေဘေးသင့်ပြည်သူ ၁၀၁ ဦး လာရောက်ခိုလှုံနေပါတယ်။

 

မိုးသည်းထန်စွာ ရွာသွန်းအပြီး ချီဘာမြို့ လမ်းမကြီးတွေ ရေနစ်မြုပ်သွားလို့ ပိုင်ရှင်တွေ စွန့်ပစ် သွားခဲ့တဲ့ မော်တော်ယာဉ် ၂,၅၀၀ စီးကို တာဝန်ရှိသူတွေက တွေ့ရှိခဲ့ပါတယ်။

 

အဆိုပါ စွန့်ပစ်ယာဉ် ၂,၅၀၀ စီးအနက် ၅၀၀ နီးပါးမှာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်စေခဲ့လို့ မော်တော်ယာဉ် ၃၀၀ စီးခန့်ကို လမ်းဘေးသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

 

စံချိန်တင် မိုးရွာသွန်းပြီး ၄ ရက်အကြာမှာ ရေဘေးသင့်ဒေသခံတွေဟာ ၎င်းတို့ရဲ့ ရေနစ်မြုပ်နေ အိမ်တွေနဲ့ မော်တော်ယာဉ်တွေကို ရှင်းလင်းကာ ပုံမှန်လူနေမှုဘဝ ပြန်လည်ရောက်ရှိနိုင်ဖို့ ကြိုးပမ်းနေ ပါတယ်။

 

ကိုးကား – NHK
Ref; Heavy rain in Japan’s Chiba Pref. leaves 10 dead, 2,500 cars abandoned on roads