ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်
အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် မကြာခင် ကြေညာမယ်ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်အပေါ် အဲဒီရေလမ်းကြောင်းဟာ အီရန်ပိုင်အဖြစ်ပဲ ဆက်ရှိနေအုံး မယ်လို့ အီရန်နိုင်ငံက တုံ့ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်း အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ပြီးနောက် အီရန်က ဟော်မုဇ်ရေ လက်ကြားကို ပိတ်ဆို့ထားပေမဲ့ အဲဒီရေလက်ကြားဟာ အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီလို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့တာပါ။
အီရန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကာဇမ်ဂါရီဘာဘာဒီက “ဟော်မုဇ်ရေလက်ကြားဟာ အီရန် ပိုင်ဖြစ်ခဲ့သလို အနာဂတ်မှာလည်း အီရန်ပိုင်အဖြစ်ပဲ ဆက်ရှိနေမှာဖြစ်ပြီး ဒီရေလက်ကြားကို အီရန်ရဲ့ အ မိန့်အတိုင်းပဲ ပိတ်တာ၊ ဖွင့်တာတွေ လုပ်ဆောင်သွားမယ်” လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်က အီရန်ကို အနိုင်ရပြီးရင် ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် မ ကြာခင် ကြေညာမယ်လို့ ပြီးခဲ့တဲ့သောကြာနေ့က နယူးယောက်ပြည်နယ်မှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ အမည်မဖော်လိုတဲ့ အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက ဒေါ်နယ်ထ ရမ့်အနေနဲ့ စနောက်ပြီး ပြောဆိုခဲ့တာလို့ နောက်ပိုင်းမှာ ပြောဆိုခဲ့တယ်လို့ Wall Street Journal သတင်း မှာ ဖော်ပြပါတယ်။
အီရန်က ရေလက်ကြား ပြန်ဖွင့်ပေးဖို့အတွက် မဟာမိတ်တွေဖြစ်တဲ့ လက်ဘနွန်၊ ပါလက်စတိုင်း၊ ယီမင်၊ အီရတ်တို့အပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့နဲ့ စစ်ပွဲလျော်ကြေးပေး ဖို့ စတဲ့ အချက်တွေကို တောင်းဆိုခဲ့ပါတယ်။
စနေနေ့က ယူအေအီးနိုင်ငံပိုင် ရေနံကုမ္ပဏီ ADNOC ရဲ့ သင်္ဘောတစ်စီး တိုက်ခိုက်ခံခဲ့ရကာ အဲဒီ လုပ်ရပ်ဟာ အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ပင်လယ်ဓားပြဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယူအေအီးက စွပ်စွဲထားပါတယ်။
အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အမေရိကန်အစိုးရက ပြည်တွင်း စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်မလာအောင် အဓိက ဦးစားပေး ဆောင်ရွက်နေတယ်လို့ ဒီသတင်းပတ်အတွင်း ထုတ်ဖော်ပြောပါတယ်။
ကိုးကား – TRT World
Ref; Iran rejects Trump’s statement on Strait of Hormuz, saying waterway ‘will remain Iranian’