ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်

 

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ပင်လယ်ပြင်မှာ စနေနေ့မနက်အစောပိုင်းက အင်အားပြင်း မြေငလျင် တစ်ခု လှုပ်ခတ်သွားခဲ့ရာ လူ ၄၇ ဦး သေဆုံးခဲ့ပြီလို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။

 

ပြင်းအား ရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ ဒီငလျင်ဟာ ဖလောရက်စ်ကျွန်း ကမ်းလွန်မှာ လှုပ်ခတ် ခဲ့ပြီး မြေအောက်အနက် ၁၀ ကီလိုမီတာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒလေ့ လာရေးဌာန (USGS) က ထုတ်ပြန်ပါတယ်။

 

ငလျင်ကြောင့် လူနေအိမ် ၃၀၀ ကျော်နဲ့ စာသင်ကျောင်းတွေအပြင် အခြား အများပြည်သူဆိုင်ရာ အဆောက်အအုံတွေလည်း ပျက်စီးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။

မိုးလေဝသဌာန တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ငလျင်လှုပ်ပြီးနောက် ဖလောရက်စ်ကျွန်း အလယ်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ၁ မီတာနီးပါးမြင့်တဲ့ ဆူနာမီလှိုင်းတိုတွေ ဖြစ်ပေါ်ခဲ့သလို ဆူလာ ဝေစီကျွန်းတောင်ပိုင်းမှာ စင်တီမီတာ ၅၄ အမြင့်ရှိတဲ့ လှိုင်းတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်းဇုန်ပေါ်မှာ တည်ရှိနေတာကြောင့် ငလျင်နဲ့ မီးတောင်လှုပ်ရှား မှုတွေ ခဏခဏ ဖြစ်ပွားလေ့ရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က ဖလောရက်စ်ကျွန်းမှာ ပြင်းအား ၇ ဒသမ ၈ ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ ဆူ နာမီလှိုင်းကြီးတွေပါ ရိုက်ခတ်ခဲ့လို့ လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။

 

နောက်ဆက်တွဲ ငလျင်တွေ ဆက်လက် လှုပ်ခတ်နိုင်ခြေရှိလို့ ကမ်းရိုးတန်းနဲ့ ငလျင်ဒဏ်သင့် ဒေ သတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေကို ဘေးလွတ်ရာမှာ သတိထားနေထိုင်ကြဖို့ အာဏာပိုင်တွေက သ တိပေးထားပါတယ်။

 

ကိုးကား – NHK