ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်
အီရန်နဲ့ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အရေးပါလှတဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန် ပိုင်နက်နယ်မြေအဖြစ် ကြေညာသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
Fox News နဲ့ အင်တာဗျူးမှာ ဒေါ်နယ်ထရမ့်က အီရန်ကို စီးပွားရေးအရရော စစ်ရေးအရပါ အင် အားချည့်နဲ့သွားအောင် အစွမ်းကုန် ဖိအားပေးသွားမယ်လို့ သတိပေးပါတယ်။
အီရန်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက အမေရိကန်ရဲ့ ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ရင်ဆိုင်နေရပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘေးဆင့်ကလည်း အီရန် စီးပွားရေးကို ပိုမိုထိခိုက်စေမယ့် အရေးယူမှုအသစ်တွေကို လာမယ့်ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမယ်လို့ Newsmax နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ကမ္ဘာ့ရေနံစိမ်း သယ်ယူပို့ဆောင်ရေးမှာ အဓိကကျတဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်က ထိန်းချုပ်ဖို့ ကြိုးစားလာတာဟာ ဒေသတွင်း တင်းမာမှုကို အရှိန်ပိုမြင့်သွားစေပါတယ်။
အီရန်ရဲ့ ရေနံတင်ပို့မှုနဲ့ ဘဏ္ဍာရေးကဏ္ဍတွေကို ထပ်မံပိတ်ဆို့ပြီး ရေကြောင်းစီးဆင်းမှုကိုပါ အ မေရိကန်က စောင့်ကြည့်ထိန်းချုပ်သွားမယ့်သဘော ဖြစ်ပါတယ်။
အီရန်နဲ့ စီးပွားရေး ဆက်ဆံနေတဲ့ အခြားနိုင်ငံတွေနဲ့ ကုမ္ပဏီတွေကိုပါ အမေရိကန်က ဒဏ်ခတ်အ ရေးယူမှုတွေ ပြုလုပ်လာနိုင်ခြေ ရှိနေပါတယ်။
အီရန်က အမေရိကန်ရဲ့ စီးပွားရေး ဖိအားပေးမှုတွေနဲ့ သတိပေးချက်တွေကို လက်ခံမှာမဟုတ်ဘဲ ကြံ့ကြံ့ခံတုံ့ပြန်သွားမယ်လို့ ပြောဆိုလေ့ရှိပါတယ်။
အမေရိကန်အစိုးရရဲ့ ဒီလို တင်းကြပ်တဲ့ အရေးယူမှုအသစ်တွေကြောင့် အီရန်ရဲ့ ပြည်တွင်းစီးပွား ရေးနဲ့ ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်မှုတွေ ပိုမိုကြီးမားလာနိုင်ပါတယ်။
အမေရိကန်က ဟော်မုဇ်ရေလက်ကြားနဲ့ ပတ်သက်လို့ ဘယ်လို အသေးစိတ် ပိတ်ဆို့မှုနဲ့ စစ်ရေး ဆိုင်ရာ ကြေညာချက်တွေ ထပ်မံထုတ်ပြန်လာမလဲဆိုတာကို ကမ္ဘာက စိတ်ဝင်စားစွာ စောင့်ကြည့်နေ ပါတယ်။
ကိုးကား – Aljazeera
Ref; Trump says he will declare Strait of Hormuz a US ‘territory’ amid Iran war