ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်

ဩဂုတ် ၁၅ ရက် မနက်အစောပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ကို ဗ ဟိုပြုပြီး ပြင်းအား ရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်တစ်ခုနဲ့ နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက် လှုပ်ခတ်သွားခဲ့ပါတယ်။

မြေငလျင်ကြောင့် အချို့ဒေသတွေမှာ ၁ မီတာအောက်ရှိတဲ့ ဆူနာမီလှိုင်းလေးတွေ ပေါ်ပေါက်ခဲ့ တယ်လို့ အင်ဒိုနီးရှား အာကာသနှင့် ဇလဗေဒအေဂျင်စီ (BMKG) က ပြောပါတယ်။

ငလျင်လှုပ်ခတ်စဉ်မှာ လူအများအပြား အိမ်အပြင်ကို အလန့်တကြား ပြေးထွက်ခဲ့ကြပေမဲ့ အစော ပိုင်း သတင်းတွေအရ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုမျိုးတော့ မရှိသေးပါဘူး။

နာဂျီကယ်အိုနဲ့ ဘီမာ စတဲ့ ဒေသတွေမှာ ငလျင်ဒဏ်ကို ၁ မိနစ်နီးပါးခန့် ပြင်းပြင်းထန်ထန် ခံစားခဲ့ ရတယ်လို့ အမျိုးသား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဒိုဒီယူလီယိုဗာက ပြောပါတယ်။

ဖလောရက်စ်ကျွန်း၊ မော်မဲရီမြို့ရှိ ဆိပ်ကမ်းတစ်ခုမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ငလျင် လှုပ်ချိန်မှာ လူတွေ အော်ဟစ်ပြေးလွှားနေကြပြီး အဆောက်အအုံတချို့ ပြိုကျပျက်စီးသွားတာကို တွေ့ရ ပါတယ်။

အရှေ့နူဆာတန်ဂါရာပြည်နယ်၊ အန်းဒေးခရိုင်ရှိ ဆေးရုံတစ်ခုမှာလည်း လူနာတွေကို အဆောက် အအုံပြင်ပကို အမြန်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဒီငလျင်ဟာ မနက် ၄ နာရီ ၅၈ မိနစ်မှာ မြေအောက်အနက် ၁၅ ကီလိုမီတာကို ဗဟိုပြုပြီး ပထမအ ကြိမ် လှုပ်ခတ်ခဲ့ပြီး အဲ့ဒီနောက်မှာလည်း နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့တာပါ။

ဩစတြေးလျ ဆူနာမီသတိပေးဗဟိုဌာနကတော့ ဒီငလျင်ကြောင့် ဩစတြေးလျ ပိုင်နက်နယ်မြေ တွေနဲ့ ကျွန်းစုတွေဆာ ဆူနာမီအန္တရာယ် ကျရောက်စရာ မရှိဘူးလို့ အတည်ပြုထားပါတယ်။

ကိုးကား – Reuters
Ref; Magnitude 7.7 earthquake strikes off Indonesia, tsunami warning issued