ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ်ဟာ ဩဂုတ်လကုန်မှာ ရာထူးမှနုတ်ထွက် တော့မှာ ဖြစ်ပါတယ်။
ကာရိုလိုင်း ရာထူးမှနုတ်ထွက်မယ့်အကြောင်းကို သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ သူ့ရဲ့ လူ မှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးခဲ့တာပါ။
ကာရိုလိုင်းဟာ ပြီးခဲ့တဲ့နှစ် ဒေါ်နယ်ထရမ့်ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်း စတင်ချိန်မှာ အိမ် ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့တာပါ။ ၎င်းဟာ အသက် ၂၇ နှစ်အရွယ်မှာ ဒီရာထူးကို ရရှိခဲ့တာမို့ အိမ်ဖြူတော်သမိုင်းမှာ အငယ်ဆုံး ပြောရေးဆိုခွင့်ရှိသူ ဖြစ်ပါတယ်။
ကာရိုလိုင်းဟာ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူထားစဉ် ပေါ့ဒ်ကတ်စ်ရိုက်ကူး သူတွေ အပါအဝင် မီဒီယာသမားကို အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ ခန်းမထဲအထိ ဝင်ရောက်ခွင့်ပြု ခဲ့ပါတယ်။
ကာရိုလိုင်းဟာ ဒေါ်နယ်ထရမ့်အတွက် အားကောင်းတဲ့ သတင်းထုတ်ပြန်ရေး အသံတစ်သံ ဖြစ်ခဲ့ သလို ဝန်ထမ်းအင်အား အခိုင်အမာရှိတဲ့ သတင်းမီဒီယာတွေကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါ တယ်။ သတင်းထောက်တစ်ဦးကို လက်ဝဲယိမ်း တက်ကြွလှုပ်ရှားသူလို့တောင် သူက ခေါ်ဆိုခဲ့ဖူးပါတယ်။
ကာရိုလိုင်းဟာ ဒီနှစ် မေလမှာ ဒုတိယမြောက်ကလေးကို မွေးဖွားခဲ့ပြီး မီးဖွားခွင့်ယူပြီးနောက်ပိုင်း အလုပ်ပြန်ဝင်ခဲ့တာ ဖြစ်ပါတယ်။
“သမီးလေး မီးဖွားပြီးလို့ အိမ်ဖြူတော်ကို ပြန်ရောက်လာပြီးတဲ့နောက်မှာ ပွင့်ပွင့်လင်းလင်း ပြောရ ရင် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အနေနဲ့ အချိန်တွေ၊ အင်အားတွေနဲ့ အာရုံစိုက်မှုတွေကို အပြည့်အဝ ပေးနေရလို့ ကလေးငယ်နှစ်ယောက်ရဲ့ အကောင်းဆုံး မိခင်တစ်ယောက် မဖြစ်နိုင်တော့ဘူး လို့ ရင်ထဲကနေ ခံစားလိုက်ရပါတယ်” လို့ ကာရိုလိုင်းက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဒါကြောင့်မို့လို့လည်း ဒီရာထူးမှနှုတ်ထွက်ဖို့ ခက်ခဲစွာ ဆုံးဖြတ်ခဲ့တာလို့ သူက ဆိုပါတယ်။ ကာရို လိုင်းရဲ့နေရာမှာ ဘယ်သူ့ကို ခန့်အပ်မယ်ဆိုတာကို မထုတ်ပြန်ရသေးပါဘူး။
ကိုးကား – NHK
Ref; White House press secretary Leavitt to step down at end of August