ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်

 

တရုတ်နိုင်ငံရဲ့ ရေကြောင်းဆိုင်ရာ ဖိအားပေးမှု မြင့်တက်လာချိန်မှာ ထိုင်ဝမ်ရေတပ်နဲ့ ကမ်းခြေ စောင့်တပ်တို့က ကုန်သွယ်ရေးသင်္ဘောတွေကို ကာကွယ်ပေးတဲ့ စစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

 

တရုတ်က ထိုင်ဝမ်ကို လက်နက်ချလာစေဖို့ ရေကြောင်းပိတ်ဆို့မှု သို့မဟုတ် ပိတ်ဆို့စစ်ဆေးမှု တွေ ပြုလုပ်လာနိုင်တာကို ထိုင်ဝမ်က ကာလရှည်ကြာ စိုးရိမ်နေခဲ့တာပါ။

 

ပြီးခဲ့တဲ့ဇွန်လအတွင်း တရုတ်က ထိုင်ဝမ်အရှေ့ဘက်ကမ်းလွန်မှာ ကင်းလှည့်မှုတွေ ပြုလုပ်ခြင်း ဖြင့် ထိုင်ဝမ်ရဲ့ဒေါသကို ဆွပေးခဲ့ရာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။

အဆိုပါ ရေကြောင်းပိတ်ဆို့မှုဆန့်ကျင်ရေးလေ့ကျင့်မှုဟာ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင် ရွက်မှုနဲ့ ရေကြောင်းကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ လက်တွေ့စစ်ဆင်ရေး ပုံစံအတိုင်း ပြုလုပ်ခဲ့တာ လို့ သိရပါတယ်။

 

မိုင်းရှင်းသင်္ဘောတစ်စီးက ရေလမ်းကြောင်းကို ရှင်းလင်းပေးခဲ့ပြီးနောက် ရေတပ်နဲ့ ကမ်းခြေ စောင့်တပ် သင်္ဘောတွေက ကုန်သွယ်ရေးသင်္ဘောကို အကာအကွယ်ပေးကာ ဆိပ်ကမ်းသို့ အရောက် ပို့ ဆောင်ပေးခဲ့ပါတယ်။

 

ထိုင်ဝမ်ကမ်းခြေစောင့်တပ်က ရေတပ်နဲ့ပူးပေါင်းပြီး ရေတပ်ပိတ်ဆို့မှုဆန့်ကျင်ရေး လေ့ကျင့်မှုကို ပထမဆုံးအကြိမ်အဖြစ် သြဂုတ် ၁၂ ရက်က အရှေ့ဘက်ကမ်းရိုးတန်းမှာ ပြုလုပ်ခဲ့တာပါ။

 

ယခုလေ့ကျင့်မှုဟာ တရုတ်ရဲ့ ခြိမ်းခြောက်လာနိုင်တဲ့ အခြေအနေမျိုးစုံကို လေ့ကျင့်တဲ့ ၁၀ ရက် ကြာ ‘ဟန်ကွမ်’ စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

 

သြဂုတ် ၁၂ ရက်ညပိုင်းမှာ စစ်သားတွေဟာ မြို့တော်တိုင်ပေသို့ ဆက်သွယ်ထားတဲ့ အဓိက တံ တားဆီသို့ သွားရာလမ်းတွေပေါ်မှာ သံဆူးကြိုးတွေ၊ သံမဏိနဲ့ ကွန်ကရစ် အတားအဆီးတွေကို တည် ဆောက်ခဲ့ပါတယ်။

 

စစ်ပွဲဖြစ်ပွားရင် စစ်တပ်ရဲ့ ကာကွယ်ရေးနည်းဗျူဟာမှာ အတားအဆီးဇုန်တွေကို တံတားမှစပြီး တိုက်ခိုက်ချေမှုန်းမယ့် ဇုန်တွေအထိ တပ်ဆင်ထားဖို့ဖြစ်တယ်လို့ ထိုင်ဝမ် စစ်ရေးကျွမ်းကျင်သူတွေက သုံး သပ်ထားပါတယ်။

 

အဆိုပါလေ့ကျင့်မှုရဲ့ အဓိက ရည်ရွယ်ချက်မှာ တရုတ်စစ်တပ်က ထိုတံတားကို အသုံးပြုပြီး မြို့ တော်တိုင်ပေအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာမှာကို တားဆီးဖို့ဖြစ်ပြီး လိုအပ်ပါက တံတားကို ဖောက်ခွဲဖျက်ဆီးမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

 

ကိုးကား – Reuters
Ref; Taiwan holds anti-blockade naval drill during war games as China steps up maritime pressure