ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နှင့် မိုင်အနည်းငယ်သာ ကွာဝေးသော ညောင်နီကျေးရွာအနီးတွင် ရွေးတုအစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့အကြား ဩဂုတ် ၁၁ ရက် နေ့လယ်ပိုင်းမှစ၍ ယနေ့ ဩဂုတ် ၁၂ ရက် နံနက်ပိုင်းအထိ တိုက်ပွဲများ ပြန်လည်ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် မြေပြင်မှ ထိုးစစ်ဆင်လာသည့်အပြင် လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက် မှုများ ပြုလုပ်နေသဖြင့် မြို့ပေါ်နှင့် နီးစပ်ရာ ကျေးရွာများရှိ ပြည်သူများ စိုးရိမ်ထိတ်လန့်လျက် ရှိသည်။
“မိုးမိတ်မြို့ရဲ့ အပြင်ဘက်မှာ ဖြစ်နေတာပါ။ ဒေသခံတွေကတော့ မြို့ပေါ်ကို လေကြောင်းကနေ ဗုံးကြဲမှာ ကြောက်ကြတာ။ မြို့ပြင်မှာက KIA နဲ့ ပူးပေါင်းတပ်တွေ ရှိတယ်။ ဒီမနက် ဂျက်ဖိုက်တာရော ရဟတ်ယာဉ်နဲ့ပါ ဗုံးကြဲသွားတယ်။ လက်နက်ကြီးတွေနဲ့လည်း မြို့ထဲကနေ လှမ်းပစ်နေတယ်၊ တိုက်ပွဲက အပြင်းအထန် ပြန်ဖြစ်နေတယ်” ဟု မိုးမိတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ရွေးတုအစိုးရစစ်တပ်ထံ ပြန်လည် လက်လွှဲထားသည့် မိုးမိတ်မြို့အပြင်ဘက်ရှိ KIA တပ်စခန်း နေရာများကို စစ်တပ်က ထိုးစစ်ဆင်ရာမှ တိုက်ပွဲများ စတင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်က မြို့ပေါ်၌ တပ်စွဲထားပြီး မြို့နယ်အတွင်း၌ KIA နှင့် မဟာမိတ် ပူးပေါင်းတပ်များက တပ်စွဲထားခြင်းဖြစ်သည်။
ထို့ပြင် ရွေးတုအစိုးရစစ်တပ်က ညောင်နီကျေးရွာနေ ပြည်သူများကို ရွာမှ ဖယ်ရှားခိုင်းနေပြီး စစ်ရေး ပြန်လည်စတင်လာကြောင်း သိရသည်။ တရုတ်၏ ဖိအားပေးမှုကြောင့် ရွေးတုအစိုးရစစ်တပ်ထံ မြို့များ ပြန်လည်လက်လွှဲပေးခဲ့ရသော်လည်း ဒေသတွင်း တော်လှန်ရေးတပ်များက ရှမ်းမြောက်နှင့် ကချင် အစပ်ကို လုံးဝ လက်လွှတ်မည်မဟုတ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ရွေးတုအစိုးရစစ်တပ်သည် အရပ်သား ပစ်မှတ်များကိုပါ ပစ်ခတ်တိုက်ခိုက်လေ့ ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်း အန္တရာယ်ကို အထူးသတိပြုကြရန် အသိပေး ထုတ်ပြန်ထားသည်။
ရွေးတုစစ်တပ်က ညောင်နီကျေးရွာနေ ပြည်သူများကို ရွာမှ ဖယ်ရှားခိုင်းနေပြီး စစ်ရေး ပြန်လည်စတင်လာကြောင်း မိုးမိတ်ဒေသခံများထံမှ သိရသည်။တရုတ်၏ ဖိအားပေးမှုဖြင့် စစ်တပ်ထံ မြို့များ ပြန် လည်လက်လွှဲပေးခဲ့ရသော်လည်း ဒေသတွင်း တော် လှန်ရေးတပ်များက ရှမ်းမြောက်နှင့် ကချင်အစပ်ကို လုံးဝလက်မလွှတ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ် တပ်သည် အရပ်သားပစ်မှတ်များကိုပါ ပစ်ခတ်တိုက်ခိုက်လေ့ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြု ကြရန် အသိပေးထားသည်။
မိုးမိတ်မြို့သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က သိမ်းပိုက်ခဲ့သည့် မြို့ဖြစ်သော်လည်း တရုတ်အစိုးရ၏ ဖိအားကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် မိုးကုတ်မြို့နှင့်အတူ ရွေးတုအစိုးရစစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရခြင်းဖြစ်သည်။
ထို့နောက် NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) စစ်ရုံးချုပ်က မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းကာ PDF၊ ပကဖ ပူးပေါင်းတပ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ၂၀၂၆ ခုနှစ် မတ်လဆန်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး PDF ပူးပေါင်းတပ်များ မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာခဲ့ရသည်။ လက်ရှိတွင်မူ KIA တပ်များနှင့် ရွေးတုအစိုးရစစ်တပ်တို့အကြား စစ်ရေး ပြန်လည်စတင်လာခြင်းဖြစ်သည်။
ဓာတ်ပုံ-မန္တလေးပြည်သူ့ကာကွယ်ရးတပ်မတော် (ပုံဟောင်း)