ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်

 

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသကို စိုးမိုးထားတဲ့ လစ်ဗျား အမျိုးသားစစ်တပ် (LNA) ရဲ့ စစ်ဘက်ထောက်လှမ်းရေး အကြီးအကဲဟာ ယာဉ်ဗုံးခွဲ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း LNA က အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ထောက်လှမ်းရေးအကြီးအကဲ ဖော်ဇီအယ်လ်မန်ဆူရီဟာ တနင်္လာနေ့ညက ဘန်ဂါဇီမြို့ရှိ ဗလီ တစ်ခုမှအထွက်မှာ ယာဉ်ပေါ်တပ်ဆင်ထားတဲ့ ဗုံးပေါက်ကွဲမှုကြောင့် လုပ်ကြံခံရတာဖြစ်ပါတယ်။

 

၂၀၁၁ ခုနှစ်မှာ ခေါင်းဆောင်ဟောင်း မူအာမာကဒါဖီ ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် လစ်ဗျားနိုင် ငံဟာ ပြည်တွင်းစစ် ဖြစ်ပွားနေပြီး ယနေ့ထက်ထိ အုပ်ချုပ်ရေး နှစ်ခြမ်းကွဲနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ ကုလသမဂ္ဂက အသိအမှတ်ပြု ထရီပိုလီအစိုးရနဲ့ LNA စစ်ဦးစီးချုပ် ခါလီဖာဟက်ဖ်တာ ကျောထောက်နောက်ခံပြု ဘန်ဂါဇီအခြေစိုက် စင်ပြိုင်အစိုးရတို့ အာဏာလုနေကြတာပါ။

 

LNA စစ်ဦးစီးချုပ်ရဲ့ သားဖြစ်သူ ခါလစ်ဟက်ဖ်တာက အခင်းဖြစ်ပွားပုံကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီး အကြမ်းဖက် လုပ်ရပ်တစ်ခုလို့ မှတ်ချက်ပြုပါတယ်။

 

ဒီတိုက်ခိုက်ခံရမှုဟာ LNA အခြေစိုက်ရာ မြို့ကြီးမှာ ဖြစ်ပွားခဲ့လို့ အဖွဲ့ရဲ့ လုံခြုံရေးထိန်းသိမ်းနိုင်မှု ဂုဏ်သတင်းကို ကြီးမားစွာ ရိုက်ခတ်သွားခဲ့ပြီး ဒေသတွင်း တည်ငြိမ်မှုရအောင် ဆောင်ရွက်နေတယ်ဆိုတဲ့ ပြယုဂ်ကိုလည်း ပျက်စီးစေခဲ့တာပါ။

 

အဆိုပါလုပ်ကြံမှုကြောင့် အမေရိကန် ကမကထပြု လစ်ဗျားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးနဲ့ အုပ် ချုပ်ရေးအာဏာ တစ်ခုတည်းအောက် ရောက်ရှိရေး အစီအစဉ်တွေ ကြန့်ကြာသွားနိုင်ကြောင်း စစ်ရေးနဲ့ လုံခြုံရေး ကျွမ်းကျင်သူအချို့က သုံးသပ်ထားပါတယ်။

 

ထရီပိုလီအခြေစိုက် အစိုးရကလည်း ဒီတိုက်ခိုက်မှုကို အကြမ်းဖက် လုပ်ရပ်တစ်ခုအဖြစ် ရှုတ်ချ ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဘန်ဂါဇီ အာဏာပိုင်တွေက သံသယရှိသူ အကြမ်းဖက်အဖွဲ့တစ်ခုကို ဖမ်း ဆီးရမိတယ်လို့ ဆိုပါတယ်။

 

အယ်လ်မန်ဆူရီဟာ ဟက်ဖ်တာမိသားစုနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူဖြစ်ပြီး ၂၀၁၄ မှ ၂၀၁၇ ခု နှစ်အတွင်း ISIS အပါအဝင် စစ်သွေးကြွအဖွဲ့တွေကို နှိမ်နင်းရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သလို ၂၀၁၉ ထရီပိုလီ စစ်ဆင်ရေးမှာလည်း ထိပ်ပိုင်းက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

 

ကိုးကား – AFP
Ref; Libyan military intelligence chief assassinated in car bombing