ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်ရဲ့ လုံခြုံရေး ခြိမ်းခြောက်မှုကြောင့် တူရကီနိုင်ငံမှ ထွက်ခွာစဉ် Air Force One လေယာဉ်ပေါ်မှ အခြားလေယာဉ်တစ်စီးဆီ လျှို့ဝှက် ပြောင်းရွှေ့စီးနင်းခဲ့ရ တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

The Washington Post သတင်းစာက သတင်းရင်းမြစ် အရာရှိတစ်ဦး၊ ဖြစ်စဉ်ကို သိရှိသူတစ်ဦးနဲ့ စိစစ်ရရှိထားတဲ့ အထောက်အထားတွေကို ကိုးကားပြီး တနင်္လာနေ့မှာ အခုလို ဖော်ပြခဲ့တာပါ။

ဒေါ်နယ်ထရမ့်ဟာ ဇူလိုင်လ ၈ ရက်နေ့က နေတိုးထိပ်သီးဆွေးနွေးပွဲအပြီးမှာ အန်ကာရာမြို့မှ ထွက်ခွာဖို့ သမ္မတစီးလေယာဉ် Air Force One ပေါ်ကို ရုပ်သံကင်မရာတွေရဲ့ ရှေ့မှာတင် တက်ရောက်ခဲ့ပါ တယ်။

ဒါပေမဲ့ မိနစ်ပိုင်းမျှအကြာမှာ လေယာဉ်ရဲ့ အခြားတစ်ဖက်မှာ ရပ်ထားတဲ့ အစားသောက်တင် ဆောင်ရေး ကားတစ်စီးမှတစ်ဆင့် သူ့ကို လေယာဉ်ငယ်တစ်စီးဆီ လျှို့ဝှက် ပြောင်းရွှေ့ပေးခဲ့တာလို့ The Washington Post သတင်းစာက ဖော်ပြပါတယ်။

ရုပ်သံမှတ်တမ်းတွေမှာ အဲဒီလေယာဉ်အနောက်မှာ ကုန်တင်ကားတစ်စီးကို တွေ့မြင်ရပြီး ဓာတ် ပုံမှတ်တမ်းတွေမှာ လေယာဉ်နဲ့ ကုန်တင်ကားရဲ့ ကုန်တင်ခန်း ချိတ်ဆက်ထားတာကို တွေ့ရပါတယ်။

သတင်းထောက်တွေနဲ့ အိမ်ဖြူတော်ဝန်ထမ်းအချို့ဟာ ဒေါ်နယ်ထရမ့်နဲ့အတူ Air Force One လေ ယာဉ်ပေါ်မှာ ပါလာတယ်လို့ပဲ ထင်မှတ်ထားခဲ့ကြောင်း Washington Post က ဆိုပါတယ်။

ဒီလို လျှို့ဝှက်စစ်ဆင်ရေးမျိုး လုပ်ဆောင်ခဲ့တာဟာ ဒေါ်နယ်ထရမ့်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ အ မေရိကန် လုံခြုံရေးအရာရှိတွေ စိုးရိမ်ပူပန်မှု ဘယ်လောက်အထိ ကြီးမားနေလဲဆိုတာကို မီးမောင်းထိုးပြ နေပါတယ်။

ကိုးကား – NHK
Ref; Trump reportedly changes planes after NATO summit over Iran threat