စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်အစုံနှင့် HPO/CDF-Hualhngoram ထံသို့ အလင်းဝင်ခိုလှုံ

ဧရာဝတီတိုင်း

စက်တင်ဘာလ ၁၆ ရက်

ချင်းပြည်နယ်၊ ‌ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါဒါရ်မြို့တပ်စခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် MA ၁ လက်၊ ကျည် (၂၅၀) တောင့်၊ ကျည်ဘောက် ၄ ခုဖြင့် HPO/CDF-Hualngoram ထံသို့ အလင်းဝင်ခိုလှုံလာကြောင်း HPO/CDF-Hualngoram က သတင်းထုတ်ပြန်ထားသည်။

အဆိုပါတပ်သားကို HPO/CDF-Hualngoram မှ စက်တင်ဘာလ ၁၅ ရက်တွင် ကျပ်သိန်း ၆၀ကျပ်ဖြင့် ဂုဏ်ပြုပေးအပ်ခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ရင်ခွင်ထံ သတင်းပို့ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီဖြစ်ကြောင်း HPO/CDF-Hualngoram မှ ရေးသားဖော်​ပြထားသည်။

ဓာတ်ပုံ – HPO/CDF-Hualhngoram

#Ayeyarwaddy_Times