ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်

ရိုဟင်ဂျာတွေ အပါအဝင် ဒုက္ခသည် ၅,၀၀၀ ကို ပြန်လက်ခံဖို့ မြန်မာက ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောခဲ့တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါ တယ်။

မြန်မာစစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနဲ့ မကြာသေးမီက တွေ့ဆုံချိန်မှာ ဒီအ ကြောင်းအရာကို ဆွေးနွေးခဲ့တာလို့ ၎င်းက ဆိုပါတယ်။

“မြန်မာ နိုင်ငံခြားရေးဝန်ကြီးသစ်နဲ့ တွေ့တုန်းက ဒုက္ခသည် ၅,၀၀၀ ကို သင်္ဘောနဲ့ ပြန်ခေါ်ဖို့ အ ဆင်သင့်ရှိတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ အဓိက ပြဿနာကတော့ ဒီလူ ၅,၀၀၀ ရဲ့ လုံခြုံရေးပဲ ဖြစ် ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

မြန်မာနိုင်ငံမှလာတဲ့ ဒုက္ခသည်ပြဿနာကို ရိုဟင်ဂျာ တစ်ခုတည်းနဲ့ကြည့်လို့ မရဘဲ ချင်းနဲ့ ကရင် အပါအဝင် အခြား တိုင်းရင်းသားမျိုးနွယ်စုတွေလည်း ဒုက္ခသည် ဖြစ်နေတာကြောင့် စဉ်းစားသင့်တယ်လို့ အဆိုပါ ၎င်းက ဆက်ပြောပါတယ်။

နှစ်နိုင်ငံ ညှိနှိုင်းမှုတွေအပြီးမှာ မလေးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ကို ပထမအသုတ် အနေနဲ့ ပြန်လက်ခံဖို့ မြန်မာက သဘောတူထားတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဇူ လိုင်လနှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အများဆုံး လက်ခံထားတဲ့ ဒေသတွင်း နိုင်ငံတွေထဲကတစ်ခု ဖြစ်ပါတယ်။

ဒုက္ခသည်တွေ ပြန်လည်စေလွှတ်လိုက်လို့ ဖိနှိပ်မှုတွေ၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ရင် ဆိုင်ရမယ်ဆိုရင် ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ဆက်လုပ်မှာ မဟုတ်ဘူးလို့ မလေးရှား ဆက်သွယ် ရေးဝန်ကြီး ဖာမီဖာဇေးလ်က ပြောဆိုထားပါတယ်။

၂၀၁၇ ခုနှစ်ကစလို့ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် ရိုဟင် ဂျာ သိန်းနဲ့ချီ မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ရပါတယ်။

ဒုက္ခသည် ၁ ဒသမ ၃ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေရပြီး အချို့မှာမူ ပင်လယ်ရေ ကြောင်းလမ်းမှတစ်ဆင့် အန္တရာယ်များစွာနဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေကို ရောက်ရှိသွားကြတာ ဖြစ်ပါတယ်။

ကိုးကား – Anadolu
Ref; Myanmar willing to take back 5,000 refugees, says Malaysian foreign minister