ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်
ကိုလံဘီယာနိုင်ငံမှာ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၁၀၀ ထက်မ နည်း သေဆုံးခဲ့ပါတယ်။
အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) ရဲ့ ထုတ်ပြန်ချက်အရ မြေငလျင်ဟာ တနင်္လာနေ့ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲဝန်းကျင်မှာ ကိုလံဘီယာနိုင်ငံအနောက်ပိုင်းကို ဗဟိုပြုပြီး အနက် ကီလို မီတာ ၁၁၀ မှာ ပြင်းအား ၇ ဒသမ ၄ ပမာဏနဲ့ လှုပ်ခတ်သွားခဲ့တာပါ။
လူ ၁၁၁ ဦးထက်မနည်း သေဆုံးပြီး ၈၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကိုလံဘီယာသမ္မတ အာဘယ် လာဒို ဒီလာ အက်စပရီယားလားက ပြောပါတယ်။

ငလျင်ဗဟိုချက်မနဲ့နီးတဲ့ ပီရေးရားမြို့မှာ လေးထပ်မြင့် အဆောက်အအုံတစ်ခု ပြိုကျသွားတာကို ရုပ်သံမှတ်တမ်းတွေမှာ တွေ့မြင်ခဲ့ရပါတယ်။
ငလျင်ဗဟိုချက်မကနေ ကီလိုမီတာ ၁၆၀ လောက်ဝေးတဲ့ ကာလီမြို့မှာလည်း ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ကြောင်း ကိုလံဘီယာအစိုးရက အတည်ပြုထားပါတယ်။
အဆောက်အအုံ ၂၀ ကျော် ပြိုကျခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ် ဆောင်နေတယ်လို့ ကာလီမြို့တော်ဝန်က ပြောပါတယ်။
ရာထူးတာဝန် စတင်ရယူတာ ရက်ပိုင်းမျှသာ ရှိသေးတဲ့ အမေရိကန်လိုလားသူ အက်စပရီယား လားက ဒီငလျင်ဘေးအန္တရာယ်အတွက် အစွမ်းကုန် ဆောင်ရွက်ပေးသွားမယ်လို့ ကတိပြုထားပါတယ်။
ကိုးကား – NHK
Ref; Death toll rises to 111 as magnitude-7.4 earthquake hits Colombia