ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်
မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံသို့ တပ်ဖွဲ့ဝင် သောင်းနဲ့ချီ စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ယူဆရ ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားလိုက်ပြီး နိုင်ငံတကာက ကူညီထောက်ပံ့ဖို့ တောင်းဆို လိုက်ပါတယ်။
မြောက်ကိုရီးယားစစ်တပ်နဲ့ ပတ်သက်ပြီး နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေကို စနေနေ့ မှာ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားသို့ မြောက်ကိုရီးယားစစ်သား ၃၀၀၀၀ မှ ၅၀၀၀၀ အထိ စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း၊ ယူကရိန်းနယ်မြေအတွင်း မြောက်ကိုရီးယားထုတ် ဒုံးကျည်တွေကို တွေ့ရှိထားရကြောင်း သူက ထောက် ပြခဲ့ပါတယ်။

မြောက်ကိုရီးယားက ခေတ်သစ် စစ်ပွဲဆိုင်ရာ အတွေ့အကြုံတွေကို ဆက်လက် ဆည်းပူးသွားမှာ ဖြစ်သလို ရုရှားထံမှ နည်းပညာနဲ့ စစ်လက်နက်မျိုးစုံကို ရရှိတော့မယ်လို့ ၎င်းက သတိပေးပါတယ်။
မြောက်ကိုရီးယားဟာ အာရှဒေသရှိ နိုင်ငံများအတွက်ပါ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း ဇီလန်စကီးက ဆိုပြီး တောင်ကိုရီးယားအနေဖြင့် ယူကရိန်းနဲ့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ် တယ်လို့ ပြောပါတယ်။
လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ၊ ဒရုန်းနည်းပညာ အပါအဝင် အခြားသော စစ်ဘက်ဆိုင် ရာ အကူအညီတွေ ပေးအပ်ဖို့ တောင်ကိုရီးယားအစိုးရကို ၎င်းက တိုက်တွန်းပါတယ်။
ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရုရှားအနောက်ပိုင်း ဗိုရိုနက်ရှ်ဒေသမှာ မြောက်ကိုရီးယား တပ်ဖွဲ့တွေကို လက်ခံဖို့ ပြင်ဆင်မှုတွေကို ဇွန်လကတည်းက စတင်လုပ်ဆောင်နေခဲ့ကြောင်း ၎င်းက ထုတ် ဖော်ပြောဖူးပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေးအရ ပိုမို နီးကပ်လာမှုဟာ ဥရောပဒေသတွင်း လုံခြုံရေး အတွက်သာမက အာရှ-ပစိဖိတ်ဒေသရဲ့ တည်ငြိမ်ရေးကိုပါ ကြီးမားစွာ ရိုက်ခတ်လာနိုင်ပါတယ်။
ရုရှားကျူးကျော်မှုကို ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် မဟာမိတ်တွေရဲ့ အကူအညီ၊ တောင်ကို ရီးယား အထောက်အပံ့ဟာ လက်ရှိ စစ်ပွဲအခြေအနေမှာ အရေးပါတဲ့ အချက်တစ်ချက် ဖြစ်လာပါတယ်။
ကိုးကား – NHK
Ref; Zelenskyy: Up to 50,000 North Korean troops will be sent to Russia