ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထံ လက်နက်စီးဆင်းနေမှုကို ပိတ်ဆို့ပေးဖို့ မြန်မာက တောင်းဆိုခဲ့ပြီးနောက် နယ်စပ်မှာ စစ်ဆေးတာတွေ ပိုမို တင်းကျပ်သွားဖို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က အမိန့်ပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံမှ လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ တိုင်းရင်းသားလက်နက်ကိုင်တွေထံ သယ်ယူ နေတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ပေးဖို့ ရွေးတုသမ္မတ မင်းအောင်လှိုင်က တောင်းဆိုခဲ့တာလို့ အနုတင်က ပြောပါတယ်။

ထိုင်းနိုင်ငံဘက်မှ ရောက်လာတဲ့ စစ်လက်နက် အများအပြားကို စိစစ်တွေ့ရှိရတယ်လို့ မြန်မာက ထောက်ပြခဲ့သလို လက်နက်ကိုင်အဖွဲ့တွေဆီ မရောက်အောင် ပိုမိုထိရောက်တဲ့ တားဆီးမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အနုတင်က တရားဝင် နယ်စပ်ဂိတ်တွေတင်မကဘဲ တောလမ်းတွေကပါ လက်နက်တွေ ထွက်မသွား နိုင်အောင် စိစစ်ဖို့ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးနဲ့ စစ်တပ်ကို ညွှန်ကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံပေါ် ရိုက်ခတ်နေတဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာ၊ မြစ်ချောင်းများညစ်ညမ်းမှုနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့်သွားဖို့ နှစ်ဖက်စလုံးက သဘော တူခဲ့ပါတယ်။

မြစ်ချောင်းများညစ်ညမ်းမှုနဲ့ ပတ်သက်လို့ ထိုင်းရဲ့စိုးရိမ်မှုကို မင်းအောင်လှိုင်က လက်ခံခဲ့ပြီး ပထဝီဝင် အခြေ အနေမတူတာကြောင့် နိုင်ငံတကာ စံချိန်စံညွှန်းတွေအတိုင်း တတိယပုံစံမဟုတ်ဘဲ ပြည်သူ့ ကျန်းမာရေးကို အမှန်တကယ် ထိခိုက်နိုင်တဲ့ အဆင့်ပေါ် မူတည်ပြီး သတ်မှတ်ဖို့ အဆိုပြုခဲ့တာပါ။

စစ်အုပ်စုရဲ့ တောင်းဆိုချက်အတိုင်း နယ်စပ်ထိန်းချုပ်မှုတွေကို ထိုင်းက ပိုမိုတင်းကျပ်လိုက်တာဟာ နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွက် ဖိအားတစ်ခု ဖြစ်လာနိုင်ပါတယ်။

စစ်အုပ်စုဟာ တိုက်ပွဲတွေ အရေးနိမ့်နေချိန်မှာ ထိုင်းအစိုးရရဲ့ အကူအညီနဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ပူးပေါင်းဖြေ ရှင်းဖို့ သဘောဘတူခဲ့လို့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို နီးကပ်လာတာကို တွေ့ရပါတယ်။

ဒီအခြေအနေတွေဟာ အာဆီယံရဲ့ မူဘောင်အပြင်ဘက်မှ ထိုင်းနဲ့ စစ်အုပ်စုကြား အကျိုးစီးပွားအပေါ် အခြေခံပြီး နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကိုးကား – Bangkok Post
Ref; PM beefs up border controls