ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်
အမေရိကန်ရောက် မြန်မာနဲ့ တောင်ဆူဒန်နိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးခြင်းမှ ယာယီအကာ အကွယ်ပေးထားတဲ့ (TPS) စနစ်ကို ရုပ်သိမ်းဖို့ သမ္မတ ဒေါ်နယ်ထရမ့်အစိုးရရဲ့ ကြိုးပမ်းမှုကို ဆက်လုပ် ခွင့်ပြုကြောင်း အမေရိကန် ဖက်ဒရယ်တရားသူကြီးနှစ်ဦးက သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန်မှာ တရားဝင် နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံ သား ၄,၀၀၀ နီးပါးနဲ့ တောင်ဆူဒန် နိုင်ငံသား ၂၃၂ ဦးတို့ဟာ ယာယီနေထိုင်ခွင့် ဆုံးရှုံးပြီး အရေးယူခံရမယ့် အန္တရာယ် ရှိနေပါတယ်။
ဖက်ဒရယ် တရားသူကြီးတွေဟာ TPS စနစ်ကို ဆက်လက်ထိန်းသိမ်းပေးဖို့ လူဝင်မှုကြီးကြပ်ရေး အခွင့်အရေး လှုပ်ရှားသူတွေရဲ့ နောက်ဆုံး ကန့်ကွက်ချက်ကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။
TPS ဆိုတာ ပဋိပက္ခ သို့မဟုတ် သဘာဝဘေးအန္တရာယ်တွေကြောင့် ဒုက္ခရောက်နေတဲ့ နိုင်ငံသား တွေကို အမေရိကန်မှာ တရားဝင် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် ယာယီပေးအပ်ထားတဲ့ အစီအစဉ် ဖြစ်ပါ တယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မတည်ငြိမ်မှုတွေ ဆက်ဖြစ်နေပေမဲ့ ပြည် တွင်းလုံခြုံရေးဌာန (DHS) က မြန်မာနဲ့ တောင်ဆူဒန်တို့အတွက် TPS အစီအစဉ်ကို ရုပ်သိမ်းဖို့ ဆောင် ရွက်တာပါ။
ဖက်ဒရယ် တရားသူကြီးနှစ်ဦးဖြစ်တဲ့ ပက်တီဆာရစ်နဲ့ မက်သယူးကင်းနဲလီတို့က DHS ရဲ့ ရုပ် သိမ်းမှုအစီအစဉ်ကို ပိတ်ပင်ခဲ့ဖူးပါတယ်။
တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ၎င်းတို့က DHS အနေနဲ့ TPS ကို ရုပ်သိမ်းပိုင်ခွင့် မရှိဘူးလို့ စိန်ခေါ်ခဲ့ပေမဲ့ တရားသူကြီး ဆာရစ်က အဆိုပါ စိန်ခေါ်မှုကို ပယ်ချခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်တဲ့အမှုကို ကိုင်တွယ်သူ တရားသူကြီး ကင်းနဲလီက မြန်မာဆိုင် ရာ TPS ရုပ်သိမ်းမှုမှာ DHS က ဥပဒေအတိုင်း ဆောင်ရွက်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တာပါ။
DHS ရဲ့ ဥပဒေအကြံပေး ဂျေးမ်းစ်ပါစီဗယ်လ်က အဆိုပါအမိန့်ကြောင့် လက်ရှိမှာ အီသီယိုးပီးယား နဲ့ ဆိုမာလီယာတို့ရဲ့ TPS ရုပ်သိမ်းမှုသာ ကျန်တော့ကြောင်း လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်မှာ TPS အစီအစဉ်နဲ့ နေထိုင်နေကြတဲ့ မြန်မာ နိုင်ငံသား ၄,၀၀၀ နီးပါးအတွက် ပြည်နှင်ဒဏ် ကင်းလွတ်ခွင့် ရုပ်သိမ်းခံရမယ့်အရေးဟာ ပိုမို နီးကပ်လာပြီ ဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; Judges Back End to Protections for South Sudan, Myanmar Migrants