စစ်ကောင်စီလက်အောက်ခံ Non – CDM အရာရှိတွေကို CDM လုပ်ဖို့ NUG နောက်ဆုံးအကြိမ်သတိပေး၊ မလိုက် နာရ​င် ဖမ်းဝရမ်းထုတ်မယ်လို့ဆို

ဧရာဝတီတ်ိုင်းမ်

စက်တင်ဘာလ ၁၆ ရက်

စစ်အာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ CDM မလုပ်ဘဲ စစ်ကောင်စီလက်အောက်မှာဆက်လက်လုပ်ဆောင်နေတဲ့ ဌာနဆိုင်ရာ ထိပ်တန်းအရာရှိတွေကို CDM ပြုလုပ်ဖို့ နောက်ဆုံးသတိပေးတယ်လို့ NUG အစိုးရ ပြည်ထဲရေးဌာနပြောဆိုတာကို RFAသတင်းမှာမနေ့ကဖော်ပြပါတယ် ။

NUG အစိုးရက နောက်ဆုံးသတိပေးပြီးတဲ့နောက် မလိုက် နာရ​င် အဲ့ဒီ Non-CDM အရာရှိတွေကို ဖမ်းဝရမ်းထုတ်မှာဖြစ်ပြီး ဖမ်းဆီးအရေးယူဖို့ အချုပ်ထောင်၊ အကျဥ်းထောင်နဲ့တရားရေးဌာနကစလို့ ဖွဲ့စည်းပြင်ဆင်ထားတယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရNUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ပြောပါတယ်။

“ဒီရဲတပ်ဖွဲ့တွေ လုံခြုံရေးတပ်ဖွဲ့တွေ ပကဖ တပ်ဖွဲ့တွေကို ဒီကာလမှာ သီးခြားတာဝန်ပေးထားတာကတော့ အကြမ်း ဖက်စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ Non CDM ဝန်ထမ်းကြီးပိုင်းတွေပေါ့နော်၊ ကျွန်တော်တို့အနေနဲ့ နောက်ဆုံးအကြိမ် CDM လုပ်ကြဖို့ ပူးပေါင်းဖို့နှိုးဆော်ထားတယ်။နှိုးဆော်မှုတွေကို မလိုက်နာဘူးဆိုရင်တော့ သူတို့ကို

အကြမ်းဖက်ဥပဒေနဲ့တရားစွဲမယ် ဖမ်းဝရမ်း ထုတ်မယ်” လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က RFA သတင်းဌာနကို ပြောဆိုခဲ့တာပါ။

NUG အစိုးရဟာ တရားစီရင်ရေးအတွက်မြို့နယ် ၁၀ ခုလောက်မှာ တရားသူကြီး အဖွဲ့တွေဖွဲ့စည်းပြီး ဒုစရိုက်မှုတွေကို စတင်တရားစီရင်နေပြီ လို့ သူကဆက်လက်ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကတော့ NUG ဟာ တစ်နှစ်အတွင်း မြန် မာနိုင်ငံရဲ့မြို့နယ်ပေါင်း ၃၃၀ ထဲက ၂၅၀ ကျော်မှာ မြို့နယ်အခြေ ပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တွေဖွဲ့စည်းနိုင်ခဲ့ပြီး နယ်မြေအများအပြားကို ထိမ်းချုပ်လာနိုင်ပြီလို့ စက်တင် ဘာလ ၇ ရက်နေ့က ကျရောက်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့်မိန့်ခွန်းမှာ

ပြောဆိုထားတာပါ။

NUG အစိုးရအနေနဲ့ ပြည်သူတွေဘက်ကိုမရပ်တည်ဘဲ စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ Non-CDM ဝန်ထမ်းအကြီးပိုင်းတွေကို အမည်ပျက်စာရင်းသွင်းတာတွေ ပြုလုပ်ခဲ့တာတွေရှိပေမယ့် အခုခါမှာတော့ ဖမ်းဆီးအရေးယူဖို့အထိ ပြုလုပ်လာတာဖြစ်တယ်လို့သိရပါတယ်။

Ref – RFA

ဓာတ်ပုံ – NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် PDF စခန်းကုန်းများကိုစစ်ဆေးစဥ်(ပုံဟောင်း)။

#Ayeyarwaddy_Times