ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်နဲ့ အာဆီယံဥက္ကဋ္ဌတို့က ထပ်လောင်းတောင်းဆိုလိုက်ပါ တယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိန်းသိမ်းခံထားရတဲ့ အသက် ၈၁ နှစ်အရွယ် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေရှိနေချိန်မှာ ဩဂုတ် ၃ ရက်နေ့က နိုင်ငံတ ကာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့် ရရှိခဲ့တာပါ။

အဆိုပါ ICRC ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်နဲ့ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင် ငံတို့က ကြိုဆိုခဲ့ကြပြီး ဒါဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် ပုံမှန်ဆေးဝါး ကုသခွင့်နဲ့ တွေ့ဆုံခွင့်တွေရဲ့ အစပြုမှုဖြစ်လာဖို့ မျှော်လင့်ကြောင်း သီးခြားစီ ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ထိန်းသိမ်းခံထားရသူ တွေထံ သွားရောက်တွေ့ဆုံခွင့်ကို ပိုမိုတိုးမြှင့်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ထိန်း သိမ်းခံရသူအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနကလည်း X လူမှုကွန်ရက်မှတစ်ဆင့် အလားတူတောင်းဆိုထားပြီး ဒါဟာ အခြားနိုင်ငံရေးအကျဉ်းသားတွေထံ ပုံမှန်သွားရောက်ခွင့်ရမယ့် လမ်းစဖြစ်ပါစေကြောင်းနဲ့ ဒေါ် အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ ပြောပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားလာတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့အတွက် မြန်မာစစ်တပ်အ နေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အမေရိကန်က တိုက်တွန်းထားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက် ဆံရာမှာ အာဆီယံအထူးသံတမန်ရဲ့ အခန်းကဏ္ဍကို အာဆီယံဥက္ကဋ္ဌက အတည်ပြုခဲ့ပါတယ်။

အာဆီယံ အထူးသံတမန်အနေနဲ့ မြန်မာနိုင်ငံသို့ သွားရောက်ခွင့်ရရှိပြီး ဒေါ်အောင်ဆန်းစုကြည် အ ပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရရှိဖို့ မျှော်လင့်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကိုးကား – Reuters
Ref; US and ASEAN chair reiterate call for Myanmar to release Aung San Suu Kyi