ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

 

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းရှိ နေ့ကလေးထိန်းကျောင်းတစ်ခုအတွင်းသို့ ယနေ့ ဩဂုတ် ၇ ရက်နေ့တွင် ခရီးသည်တင်ကားတစ်စီးမှ ဝင်တိုက်မိခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးထိရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ မော်တော်ယာဉ်သည် ကလေးထိန်းမူကြိုကျောင်းအတွင်းသို့ အရှိန်လွန် ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေး ဝန်ထမ်းများ၊ အရေးပေါ် ဆေးဘက်ဆိုင်ရာအဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့မှ ဒဏ်ရာရရှိသူများကို အလျင်အမြန် လာရောက်ကူညီပေးခဲ့ကြကြောင်းလည်း သိရသည်။

ကလေးငယ်အများအပြား ဒဏ်ရာရရှိခဲ့ပြီးနောက် တာဝန်ရှိသူများက ဒဏ်ရာရရှိထားသူများကိုစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ရှေးဦးသူနာပြုစုခြင်းများ ပြုလုပ်ပေးခဲ့ပြီး နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြသည်။

 

လက်ရှိတွင် ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အခြေအနေပေါ်မူတည်၍ ဒဏ်ရာရရှိသူ အရေအတွက်ပြောင်းလဲနိုင်ကြောင်းလည်း တာဝန်ရှိသူများက ပြောဆိုထားသည်။

 

ထို့ပြင် ယနေ့နံနက်ပိုင်းက နွန်သဘူရီခရိုင်ရှိ အစိုးရကျောင်းတစ်ကျောင်းတွင်လည်း သေနတ်ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး သေနတ်သမားကျောင်းသားအပါအဝင် ၎င်း၏အဖိုး၊ အဖွား၊ ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၉ ဦးအထိသေဆုံးခဲ့ပြီး ၂၀ ဦးဝန်းကျင် ဒဏ်ရာရခဲ့သည်။

 

ကိုးကား – Khaosod English