ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

 

ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်ရှိ အစိုးရကျောင်းတစ်ခုတွင် ယနေ့ ဩဂုတ် ၇ ရက်နေ့၊ နံနက်ပိုင်းတွငါ သေနတ်ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး သေနတ်သမား အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်းကို တာဝန်ရှိသူများက အတည်ပြုခဲ့ကြောင်း သိရသည်။

 

သေဆုံးသူများတွင် ဆရာ၊ဆရာမ ၃ ဦး၊ ကျောင်းသား ၃ ဦးနှင့် သေနတ်သမားတို့ ပါဝင်ပြီး သေနတ်ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးရှိခဲ့ပြီး ၎င်းတို့ကို အနီးဝန်းကျင်ရှိ ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ပေးထားကြောင်းလည်း သိရသည်။

ယခုကဲ့သို့ လူအများအပြား သေဆုံးခဲ့ရသည့် ကျောင်းတွင်း ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် အနုထင်က အလွန်ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး ဒဏ်ရာရရှိသူများကို အရေးပေါ်အကူအညီများ ပေးအပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် ထိုင်းနိုင်ငံသို့ စစ်ခေါင်းဆောင်အသွင်းပြောင်း ရွေးတုသမ္မတမင်းအောင်လှိုင်က ၂ ရက်တာခရီးစဉ်အနေဖြင့် ရောက်ရှိနေပြီး ယမန်နေ့ဩဂုတ် ၆ ရက်နေ့ကလည်း ထိုင်းဝန်ကြီးချုပ်အနုထင်ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကိုးကား – Khaosod English