ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်
ထိုင်းနိုင်ငံက မြန်မာ့အရေးကို ဆောင်ရွက်ရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့် အဝ လေးစားလိုက်နာပြီး သီအိုရီအတိုင်းမဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖို့ အဓိက ဦးစားပေး တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ကြာသပတေးနေ့မှာ ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင်ချာန်ဗီရကူးလ်နဲ့ မြန်မာရွေးတုသမ္မတ မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေး နွေးအပြီးမှာ ထိုင်းနိုင်ငံက မြန်မာစစ်ခေါင်းဆောင်နဲ့ ဘာကြောင့် တိုက်ရိုက် ထိတွေ့ဆက်ဆံနေသလဲဆို တဲ့မေးခွန်းကို ၎င်းက သတင်းထောက်တွေကို အခုလို ရှင်းပြခဲ့တာပါ။
ဒါဟာ အာဆီယံ ဘုံသဘောထားကို ကျော်လွန်ဆောင်ရွက်တာ မဟုတ်ဘဲ အာဆီယံ မူဘောင်အ တွင်းကနေပဲ စနစ်တကျ ပြန်လည်ထိတွေ့ဆက်ဆံတဲ့နည်းလမ်းဖြစ်တယ်လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ အဓိက ရည်မှန်းချက်ဟာ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲ ပြန်လည်ပါဝင်လာရေး ဖြစ်ပြီး မဟာအင်အားကြီးနိုင်ငံတွေကြား ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ ဒီနေ့ခေတ်မှာ ဒေသတွင်း စည်းလုံးညီ ညွတ်ရေး မြန်မာနိုင်ငံ ပြန်ပါလာဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ဆီဟာဆက်က ပြောပါတယ်။
ထိုင်းနဲ့မြန်မာဟာ ကီလိုမီတာ ၂,၄၀၀ နီးပါး နယ်နိမိတ်ချင်း ထိစပ်နေလို့ အခုလို ထိတွေ့ဆက်ဆံ တာဟာ ပထဝီဝင်အနေအထားနဲ့ လက်တွေ့လိုအပ်ချက်အရ ဆောင်ရွက်ရခြင်းဖြစ်ပြီး သီးခြားရလဒ်တစ် ခုခုကို ထောက်ခံနေခြင်း မဟုတ်ဘူးလို့ ၎င်းက ထောက်ပြပါတယ်။
ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလမ်းကြောင်းကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
“ကျနော်တို့က အခြားသူတွေကို လိုက်လုပ်ဖို့ မတောင်းဆိုပါဘူး၊ သူတို့ ဘာလုပ်ချင်သလဲဆိုတာ သူတို့ဘာသာ ဆုံးဖြတ်ရမှာပါ။ မြန်မာပဋိပက္ခကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး” လို့ သူက ဆိုပါတယ်။
“စစ်ရေးအရ အနိုင်ရမှာ မဟုတ်သလို စစ်ရေးအခြေအနေကို ဆက်ပြီး ရှည်ကြာအောင် မလုပ်သင့် ပါဘူး။ ပဋိပက္ခမှာ ပါဝင်သူတွေ ဆွေးနွေးဖို့ အသင့်ဖြစ်ချိန်မှာ ထိုင်းနိုင်ငံက ဆွေးနွေးမှုတွေ လက်ခံကျင်းပ ပေးဖို့ အသင့်ရှိပေမဲ့ အချိန်ဇယား အတိအကျတော့ မရှိသေးဘူး” လို့ ၎င်းက ပြောပါတယ်။
အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သ ဘောတူစာချုပ် (NCA) အောက်မှာ နေပြည်တော်နဲ့ ဆွေးနွေးနေပြီး အချို့အဖွဲ့တွေက ဘုံရပ်တည်ချက် ရ ရှိအောင် ညှိနှိုင်းနေတုန်းပဲလို့ သူက ဆက်ပြောပါတယ်။
ဓာတ်ပုံ-Reporters
ကိုးကား – The Nation
Ref; Thailand Vows to Bring Myanmar Back Into the ASEAN Fold