ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်

မြန်မာနိုင်ငံကို ပြန်ပို့လိုက်လို့ အသက်အန္တရာယ် စိုးရိမ်ရရင် ဒုက္ခသည် ၅,၀၀၀ ကို ပြန်ပို့မှာ မ ဟုတ်ဘူးလို့ မလေးရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပေမဲ့ ပြန်လည်ပို့ဆောင်ရေး ပြင်ဆင်မှုတွေကို ဆက်ပြီး ဆောင်ရွက်နေပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာစစ်အစိုးရက ရိုဟင်ဂျာဒုက္ခသည် ၅,၀၀၀ ကို ပြန်လက်ခံဖို့ သဘောတူခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်မှာ ကြေညာခဲ့တာပါ။

ဒီကြေညာချက်ကြောင့် လူ့အခွင့်အရေးအဖွဲ့တွေကြား စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပြီး မလေးရှား ပြန်ကြားရေးဝန်ကြီး ဖာမီဖာဇီးလ်က တာဝန်သိ နိုင်ငံတစ်နိုင်ငံအနေနဲ့ အသက်အန္တရာယ်ရှိရင် ဒုက္ခသည် တွေကို ပြန်ပို့မှာ မဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာစစ်အစိုးရက ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အသင့်ရှိနေပေမဲ့ ပြန်ပို့မယ့်စံနှုန်းတွေကို သေ ချာစိစစ်သွားမယ်လို့ မလေးရှားအစိုးရက ဆိုပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဒုက္ခသည်တွေရဲ့ အသက်အန္တရာယ်ကိစ္စတွေကို အ သေးစိတ် လေ့လာဆန်းစစ်နေပါတယ်။

မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီထံ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည် ၂၁၀၀၀၀ ကျော်ရှိပြီး ထိုအထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ၁၂၀၀၀၀ ကျော် ပါဝင်နေတာပါ။

ပြန်လည်ပို့ဆောင်ရေးအစီအစဉ် မတိုင်မီ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ ရိုဟင်ဂျာ ၁၀၀ ကျော် ကို မလေးရှားအာဏာပိုင်တွေက ခေတ္တ ထိန်းသိမ်းခဲ့ပေမဲ့ တရားဝင် စာရွက်စာတမ်း ရှိတာကြောင့် ပြန် လွှတ်ပေးခဲ့ပါတယ်။

မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက ထိန်းသိမ်းရေးစခန်းတွေမှာရှိတဲ့ ဒုက္ခသည် ၄,၀၀၀ ကို စိစစ် ရေးလုပ်ငန်းစဉ်တွေ စတင် လုပ်ဆောင်နေပါပြီ။

မလေးရှားနိုင်ငံဟာ ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်မှာ လက်မှတ်ထိုးထားတာ မ ရှိသလို ရိုဟင်ဂျာ အခွင့်အရေးအဖွဲ့တွေကလည်း ဒုက္ခသည်တွေ နေရပ်ပြန်ပို့မယ့်အစီအစဉ်ကို ရပ်တန့်ဖို့ တောင်းဆိုနေပါတယ်။

ကိုးကား – AFP
Ref; Malaysia says will not repatriate Rohingya refugees if lives are at risk