ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်

ရွေးတုသမ္မတ မင်းအောင်လှိုင်ရဲ့ ဩဂုတ်လ ၆ ရက်နဲ့ ၇ ရက် ထိုင်းနိုင်ငံခရီးစဉ်ကို ပယ်ဖျက်ပေးဖို့ ထိုင်းလွှတ်တော်အမတ် ကန်နာဗီဆူဆန်က ဝန်ကြီးချုပ် အနုတင်ချာန်ဗီရကူးလ်နဲ့ အစိုးရအဖွဲ့ကို တောင်း ဆိုလိုက်ပါတယ်။

မင်းအောင်လှိုင်ဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ငြင်းပယ်နေဆဲဖြစ်ပြီး အာဆီယံအ ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ခွဲခြားဆက်ဆံတယ်လို့ စွပ်စွဲထားကြောင်း ၎င်းက ထောက်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုကြောင့် ကီလိုမီတာ ၂,၄၀၀ ကျော် ရှည်လျားတဲ့ နယ်စပ်ဒေသမှာ သေ နတ်ကျည်ဆန်တွေ၊ လေကြောင်းပိုင်နက် ကျူးလွန်မှုတွေနဲ့ ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားကာ ထိုင်း ပြည်သူတွေရဲ့ လုံခြုံရေးကို တိုက်ရိုက် ထိခိုက်နေကြောင်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ ဒုက္ခသည်တွေ ပိုမိုဝင်ရောက်လာနိုင်ပြီး နိုင် ငံရေး၊ လုံခြုံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေကို ထိုင်းနိုင်ငံက ဆက်လက် ထမ်းရွက်ရဖွယ် ရှိ နေပါတယ်။

အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်ဂိုဏ်းတွေကို နိုင်ငံခြားသားတွေက နယ်စပ်ဖြတ်ကျော် လုပ် ဆောင်နေတာဆိုတဲ့ မင်းအောင်လှိုင်ရဲ့ စွပ်စွဲချက်ဟာ ထိုင်းနိုင်ငံပေါ် အပြစ်ပုံချဖို့ ကြိုးပမ်းမှုသာဖြစ်တယ် လို့ ကန်နာဗီက ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်ရေးရာ၊ မူးယစ်ဆေးဝါးနဲ့ နယ်စပ်ဖြတ်ကျော်ကိစ္စတွေမှာ ဆက်သွယ် ရေး လမ်းကြောင်းဖွင့်ထားဖို့ လိုအပ်ပေမယ့် လူ့အခွင့်အရေး ချိုးဖောက်သူကို နိုင်ငံရေးအရ တရားဝင်မှု မပေးသင့်ဘူးလို့ သူက သတိပေးပါတယ်။

ထိုင်းအစိုးရက မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ မဖြစ်မနေ ဆွေးနွေးရမယ့် နှစ်နိုင်ငံရေးရာကိစ္စတွေ အတွက် လိုအပ်ကြောင်း၊ မြန်မာ့အရေးကို နည်းလမ်းနှစ်သွယ်နဲ့ ဖြေရှင်းမယ့် အစိတ်အပိုင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။

မင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်နှင့် ပတ်သက်ပြီး Justice For Myanmar ကလည်း စစ်ခေါင်း ဆောင်ရဲ့ ရာဇဝတ်ကွန်ရက်ကို လက်မခံဘဲ နယ်စပ်ဖြတ်ကျော် ဒုစရိုက်လုပ်ငန်းတွေအတွက် တာဝန်ယူမှု ရှိစေရေး ထိုင်းအစိုးရက အရေးယူသင့်ကြောင်း တိုက်တွန်းထားပါတယ်။

ကိုးကား – The Thaiger