ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်
ဟားမတ်စ်အဖွဲ့က လက်နက် မစွန့်လွှတ်သရွေ့ အစ္စရေးစစ်တပ်က ဂါဇာဒေသရှိ တပ်စွဲထားတဲ့ နေရာတွေကနေ မဆုတ်ခွာဘူးလို့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါ တယ်။
ဒီပြောဆိုချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြေညာခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီ ချက်နဲ့ ဆန့်ကျင်နေပြီး အမေရိကန်အစိုးရနဲ့ အစ္စရေးတို့ကြား သဘောထားကွဲလွဲမှုကို အထင်အရှား ပေါ် လွင်စေပါတယ်။
အဆိုပါသဘောတူညီချက်အရ ဟားမတ်စ်က လက်နက်ဖြုတ်သိမ်းဖို့နဲ့ အစ္စရေးက တိုက်ခိုက်မှု တွေ ရပ်တန့်ကာ လက်ရှိ ထိန်းချုပ်ထားတဲ့ ဂါဇာနယ်မြေ ၆၀ ရာခိုင်နှုန်းခန့်မှ တပ်ပြန်ရုပ်ပေးဖို့ ပါဝင်ပါ တယ်။
လာမယ့် အောက်တိုဘာလ ရွေးကောက်ပွဲမှာ ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ နေတန်ယာ ဟုက ဟားမတ်စ်အဖွဲ့က လက်နက်စွန့်လွှတ်ဖို့ကိုသာ ပထမဦးစားပေးအဖြစ် တောင်းဆိုထားပါတယ်။
အမေရိကန်ကပို့ပေးတဲ့ မူကြမ်းကို အစ္စရေးက သဘောမတူခဲ့ဘဲ မိမိတို့ရဲ့ သဘောထားမှတ်ချက် တွေကိုသာ ပြန်ပေးပို့ထားကြောင်း ၎င်းက လူမှုကွန်ရက်မှတစ်ဆင့် ပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလမှာ ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ဟားမတ်စ်အ ဖွဲ့ လက်နက်ဖြုတ်သိမ်းရေး၊ အစ္စရေး တပ်ရုပ်ရေးနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ စေလွှတ် ရေးတို့ ပါဝင်ခဲ့ပေမယ့် လက်တွေ့မှာ အကောင်အထည်မဖော်နိုင်ဘဲ ကြန့်ကြာနေတာ ဖြစ်ပါတယ်။
အစ္စရေးက ဟားမတ်စ်အဖွဲ့ လက်နက်စွန့်လွှတ်ရေးကို အဓိက တောင်းဆိုနေပြီး ဟားမတ်စ်က လည်း အစ္စရေး စစ်ဆင်ရေးရပ်တန့်ပြီး တပ်ရုပ်ပေးဖို့ တောင်းဆိုနေလို့ နှစ်ဖက်စလုံးက အပစ်အခတ်ရပ် စဲရေးကို ချိုးဖောက်နေကြောင်း အပြန်အလှန် စွပ်စွဲနေပါတယ်။
ကိုးကား – AP
Ref; Netanyahu says no Israeli withdrawal from Gaza until Hamas has been completely disarmed