ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်

ဒေသတွင်း စည်းလုံးညီညွတ်မှုအတွက် အိမ်နီးချင်းနိုင်ငံ တည်ငြိမ်ဖို့ လိုအပ်တာကြောင့် မြန်မာနိုင် ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် အနုတင်ချာန်ဗီရကူးလ်က အာဆီယံအဖွဲ့ကို အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

မြေပြင်ပကတိ အခြေအနေတွေကို တုံ့ပြန်ပြီး တိုးတက်မှုတွေ ရှိလာစေရေး တတ်နိုင်သမျှ ဆွေး နွေးမှုတွေ လမ်းဖွင့်ပေးထားတဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေး နည်းလမ်းကို ထိုင်းနိုင်ငံက ထောက်ခံခဲ့ တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာရှိ အာဆီယံဌာနချုပ်မှာ ၎င်းက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင်ရဲ့ ဖိတ်ကြားချက်အရ ရွေးတုသမ္မတ မင်းအောင်လှိုင်ဟာ ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ ဘန်ကောက်မြို့ကို လာရောက်မှာဖြစ်ပြီး ဒါဟာ နှစ်ရှည်လများ နိုင်ငံတကာရဲ့ ထိတွေ့ ဆက်ဆံမှု ပိတ်ပင်ခံထားရပြီး သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းတာလည်း ဖြစ်ပါ တယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားပြီး မတည်ငြိမ်မှုတွေ စတင်လာချိန်ကတည်းက အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံကို သီးခြားခွဲထုတ်ခဲ့ပြီး မင်းအောင်လှိုင်ဟာ ယခု နှစ် ဧပြီလ ရွေးကောက်ပွဲအပြီးမှာ သမ္မတ ဖြစ်လာခဲ့တာပါ။

အာဆီယံက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့အစည်းတွေ ကြား ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ တောင်းဆိုထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ မြန်မာ့အရေးအ တွက် အဓိက မူဘောင်အဖြစ် ဆက်လက်ရှိနေတယ်လို့ ပြောပါတယ်။

အနုတင်က အဆိုပါ မူဘောင်ကို ထောက်ခံသလို အာဆီယံနဲ့ မြန်မာနိုင်ငံတို့ကြား ထိတွေ့ဆက်ဆံ မှု ပုံစံအချို့ကို ပြောင်းလဲဖို့ ပြင်ဆင်ချက်အချို့ကိုလည်း အဆိုပြုခဲ့ပါတယ်။

ထိန်းသိမ်းခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တို့ တွေ့ဆုံခဲ့ရာမှာ သူမ ကျန်းမာ ရေးကောင်းမွန်ပုံရတာကို ထောက်ပြပြီး ယခုနည်းလမ်းဟာ မှန်ကန်တဲ့ လမ်းကြောင်းဆီ ဦးတည်နေတယ် လို့ ပြောပါတယ်။

ကိုးကား – Anadolu
Ref; Thailand urges Southeast Asian bloc to reengage with Myanmar