ဟိုင်းကြီးကျွန်း ရဲစခန်းက ရဲတပ်သားတစ်ဦး  အရက်ကြောင်ပြီး သေဆုံးမှုဖြစ်ပွား

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၆ ရက်

ဧရာဝတီတိုင်း၊ငပုတောမြို့နယ်၊ ဟိုင်ကြီးကျွန်းရဲစခန်းက ရဲတပ်သားတစ်ဦး ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လည် က အရက်ကြောင်ပြီး သေဆုံးသွား​တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သူက အရက်တွေ အမြဲသောက်ပြီးအရက်ကြောင်ကြောင်နေတာ။ ခုလဲရေတွင်းအမိုးမှာ ကြိုးချည်ပြီးလည်ပင်းကို ကြိုးစွပ်ပြီး ရေတွင်းထဲခုန်ချပြီး သေသွားတာ”လို့ ဟိုင်းကြီးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကိုကရင်ဟုသာ အများကခေါ်ကြတဲ့ သေဆုံးသူရဲတပ်သားမှာ အရက်စွဲနေသူတစ်ဦးဖြစ်ပြီး ဟိုင်းကြီးကျွန်းမြို့ အမှတ်(၂)ရပ်ကွက် (၂)လမ်းထိပ်ရှိ ရေတွင်းအမိုးမှာ သေဆုံးလျှက်တွေ့ရှိခဲ့တာလို့ မျက်မြင်တွေ့ရှိသူအချို့က ဆိုပါတယ်။

သေဆုံးခဲ့သူ ရဲတပ်သားရဲ့ အလောင်းကို ဟိုင်းကြီးကျွန်း ရဲစခန်းမှ ရဲများလာရောက်စစ်ဆေးပြီး သေဆုံးသူကိုဆေးရုံကို သယ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

#ဟိုင်းကြီးကျွန်း #ရဲစခန်း #အရက်ကြောင် #သေဆုံး

#Ayeyarwaddy_Times