ထိတွေ့တိုက်ပွဲမရှိပဲ စစ်ကောင်စီဘက်က မိုးဗြဲမြို့အတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၆ ရက်

ယနေ့ စက်တင်ဘာလ ၁၆ရက်နေ့ မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီဘက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုးဗြဲမြို့အတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးများမှာ မိုးဗြဲမြို့ မွေတော်ဘုရားမှာကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀နှစ်အောက် မောင်နှမနှစ်ဦးနဲ့ အသက်၅၀ကျော် အမျိုးသားနှစ်ဦး သေဆုံးခဲ့ရပြီး အရပ်သားပြည်သူ ၁၃ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့

#Ayeyarwaddy_Times