တန်ပြန်ထိုးစစ်ကာလအတွင်း ယူကရိန်းသို့ ဒေါ်လာ သန်း ၆၀၀ တန်ကြေးရှိ လုံခြုံရေးအကူအညီပေးမယ်လို့ အမေရိကန် ကြေညာ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၆ ရက်

ရုရှားတပ်ဖွဲ့တွေအပေါ် တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ယူကရိန်းသို့ ဒေါ်လာ သန်း ၆၀၀ တန်ကြေးရှိ စစ် ရေးအကူအညီ ပေးအပ်မယ်လို့ အိမ်ဖြူတော်က စက်တင်ဘာလ ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်က ယူကရိန်းသို့ ထောက်ပံ့မယ့် စစ်လက်နက်တွေထဲမှာ ခဲယမ်းမီးကျောက်တွေနဲ့ ပစ္စည်းကိရိ ယာတွေ ပါဝင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ယူကရိန်းတပ်ဖွဲ့တွေက ရုရှားတပ်ဖွဲ့တွေရဲ့ ကျူးကျော်စစ်ကို ထိထိရောက်ရောက် တန်ပြန်ထိုးစစ်ဆင် နိုင်ဖို့ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့အတူ အမေရိကန်နိုင်ငံက စစ်လက်နက်ပစ္စည်းတွေ ပေးအပ်နေပါတယ်” လို့ အန်တိုနီဘလင်ကန်က ပြောပါတယ်။

အမေရိကန်က ယူကရိန်းထံထောက်ပံ့မယ့် စစ်ရေးအကူအညီထဲမှာ ရုရှားတပ်ဖွဲ့တွေရဲ့ ထောက်ပံ့ပို့ ဆောင်ရေးစခန်းတွေ၊ ကွပ်ကဲရေးဌာနချုပ်တွေကို ထိရောက်စွာ ပစ်ခတ်နိုင်ခဲ့တဲ့ ဟိုင်းမားဒုံးကျည်တွေအတွက် ကျည်ဆံတွေအပြင် ထောင်နဲ့ချီတဲ့ ၁၀၅ မီလီမီတာအမြောက်ကျည်တွေ၊ ဒရုန်းစနစ်တွေလည်း ပါဝင်ပါတယ်။

လာမည့်ဆောင်းရာသီအတွင်း အမေရိကန်က ယူကရိန်းသို့ အနွေးထည်တွေအပြင် ညကြည့်ကိရိယာတွေ လည်း ထောက်ပံ့မှာဖြစ်ပါတယ်။

မိုင် ၄၀ အထိ ပစ်ခတ်နိုင်တဲ့ ဟိုင်းမားဒုံးကျည်အတွက် ကျည်ဆံတွေအပြင် ထောင်နဲ့ချီတဲ့ အမြောက် ကျည်တွေ ပါဝင်တဲ့ ဒေါ်လာ ၆၇ သန်းတန်ကြေးရှိ စစ်ရေးအကူအညီ ယူကရိန်းကို ပေးအပ်မယ်လို့ ပင်တဂွန်က ပြီးခဲ့တဲ့အပတ်အတွင်း ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရုရှားနိုင်ငံက ယူကရိန်းကျူးကျော်စစ်ပွဲ စတင်ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံ က ယူကရိန်းသို့ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိ လုံခြုံရေးအကူအညီ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ကိုးကား – CNN

Ref; White House announces $600 million security package for Ukraine during ongoing counter-offensive