ကလေးမြို့မှ ချင်းတောင်သို့ပြန်မည့် ခရီးသည်တင်ကားများကို စစ်ကောင်စီမှ တင်းကြပ်စွာစစ်ဆေးနေ

ဧရာဝတီတိုင်းမ်

(ကလေး)၊ စက်တင်ဘာလ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ကိုးမိုင်ကားဂိတ်တွင် ချင်းတောင်ဒေသ အသီးသီးသိူ့ ပြန်မည့်ခရီးသည်ကားများကို စစ်ကောင်စီမှ ယခင်ကထက်တင်းကြပ်စွာ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ဘက်မှလည်းကောင်း၊ ကလေးမြို့မှလည်းကောင်း လတ်တလောတွင် အကြောင်းအမျိုးမျိုးကြောင့် လူငယ်များ ချင်းတောင်ဒေသအပြန်များပြီး ကလေးမြို့အထွက် ကိုးမိုင်ကားဂိတ်တွင် စစ်ကောင်စီမှ ခရီးသည်များအား မှတ်ပုံတင်၊ ဖုန်းတွင် Facebook နှင့် Messenger များကို တင်းကြပ်စစ်ဆေးနေကြောင်း ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။

“အဲဒီ ကိုးမိုဂိတ်မှာ စစ်သားရော ရဲတွေရောက ချင်းတောင်ကိုပြန်ကြတဲ့ကားတွေကို တားပြီး သေချာကို စစ်နေတာ။ အထူးသဖြင့် လူငယ်တွေ၊ ကျောင်းသားတွေကို စစ်တယ်။ မှတ်ပုံတင်တွေစစ်တယ်။ ဖုန်းတွေထဲက ဖေ့ဘုတ်နဲ့ ‌မက်စင်ဂျာတွေစစ်တယ်။ မှတ်ပုံတင်မှာ ကျောင်းသားဆိုရင် ဘယ်တက္ကသိုလ်မှာ တက်တာလဲ၊ အခုရောဘယ်ကိုပြန်မှာလဲ၊ ဘာပြန်လုပ်မှာလဲ

စသဖြင့် တင်းတင်းကြပ်ကြပ်ကို မေးမြန်းစစ်ဆေးတာတွေ လုပ်နေတယ်” ဟု ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီမှ ခရီးသည်များစစ်ဆေးရာတွင် လူငယ်များအား ပိုမိုတင်းကြပ်စွာ စစ်ဆေးရာ ၎င်းတို့မနှစ်သက်သည့် အရာများတွေ့​ရှိပါက ဖမ်းဆီးခေါ်ဆောင်သွားလေ့ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ကားဆရာအနေဖြင့် ခရီးသည်များက ကားလက်မှတ်လာမေးတဲ့အခါ စစ်ကောင်စီဘက်မှ မကြိုက်တဲ့အရာများ ဖုန်းထဲမှာဖြစ်ဖြစ်မရှိစေရန် သတိပေးထားတယ်။ အဲတာမျိုးမဆောင်တာက ခရီးသွားလာမှုမှာ ကိုယ့်အတွက် အလုံခြုံဆုံးဖြစ်နေလို့ပေါ့” ဟု ကလေး-ချင်းတောင် ပြေးဆွဲသည့် ခရီးသည်တင်ယာဥ် မောင်းနှင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို

ပြောသည်။

စစ်ကောင်စီမှ ခရီးသည်များကို အထူးသဖြင့် မှတ်ပုံတင်များစစ်ဆေးပြီး ကျောင်းသားနှင့် လူငယ်ဆိုလျှင် တင်းကြပ်စစ်ဆေးလျှက်ရှိနေကြောင်း သိရသည်။

#ကလေး #ချင်းတောင် #ခရီးသည်တင်ကား #စစ်ကောင်စီ #တင်းကြပ် #စစ်ဆေး

#Ayeyarwaddy_Times