ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးရွာမတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူများ တပ်စခန်းကို ယနေ့ 3: 30မိနစ်ခန့်တွင် ဒေါင်းလုလင်-LPDF နှင့် ဘန့် 2 အဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအား မသိရသေးကြောင်း ဒေါင်းလုလင် – LPDF က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်က လက်နက်ကြီး ၅ လုံး ပြန်လည်ပစ်ခဲ့သော်လည်း PDF များဘက်မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ဒေါင်းလုလင်- LPDF အဖွဲ့ အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပန်းတိုင်ရောက်သည်အထိ ဆတ်လက်တိုက်ပွဲ ၀င်သွားမည်ဟု အသိပေးအပ်ပါထားသည်။

ရုပ်သံ – ဒေါင်းလုလင် – LPDF