ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲဝင် ရဲဘော်များအတွက် Clike2donate မှ ဘတ်တစ်သန်း ကျပ်သိန်း ၆၀၀ ပေးပို့မယ်လို့ ယနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

Click2donate App တွေဖြစ်ကြတဲ့ C2D/Thadin/P2D တို့ပေါင်းပြီး ဘတ်တစ်သန်း ကျပ်သိန်း ၆၀၀ ပေးပို့မှာဖြစ်တယ်လို့ ဆိုပါတယ်။
Click2donate အဖွဲ့ဟာ မ်ိုဘိုင်းအက်ပ်လီကေးရှင်းဖန်တီးကာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များထံ ထောက်ပံ့ကူညီမှုပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲမှာ ဇွန်လ ၂၆ ရက်နေ့ကနေ ဒီကနေ့အထိ ၅ ရက်တာကြာမြှင့်နေပြီဖြစ်ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိနေ​တယ်လို့ နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။