ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်

သဘောတူညီချက် ရရှိရေးအတွက် အီရန်နိုင်ငံကို နောက်ဆုံးအခွင့်အရေးကို ပေးထားပြီး မလိုက် လျောပါက ခေါင်းဆောင်ပိုင်းကို အမြစ်ဖြတ် တိုက်ခိုက်မှုတွေ ပြုလုပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။

အီရန်အစိုးရက ဆွေးနွေးပွဲတွေ မရှိဘူးလို့ အစဉ်အမြဲ ငြင်းဆိုနေပေမယ့် နှစ်ဘက်ကြား လျှို့ဝှက် ဆွေးနွေးမှုတွေ လက်ရှိအချိန်ထိ ရှိနေဆဲလို့ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါ ဆွေးနွေးမှုတွေကို အီရန်က စတင်တောင်းဆိုခဲ့ပြီး ဆော်ဒီအာရေးဗီးယား၊ အာရပ်စော် ဘွားများပြည်ထောင်စုနဲ့ ကာတာနိုင်ငံတို့က နောက်ကွယ်မှ ကူညီပေးနေပါတယ်။

အီရန်ခေါင်းဆောင်ပိုင်းအနေနဲ့ စစ်ရေးအရ အပြင်းအထန် အရေးယူမခံရမီ သဘောတူညီချက် ရရှိ ရေးအတွက် ယခုလို နောက်ဆုံးအခွင့်အရေးပေးရခြင်းလို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

ခေါင်းဆောင်ပိုင်းကို အမြစ်ဖြတ်တိုက်ခိုက်မယ်ဆိုတဲ့ စကားရပ်နှင့် ပတ်သက်လို့ ဘယ်လိုစစ်ရေး လှုပ်ရှားမှုမျိုး ပြုလုပ်မယ်ဆိုတာကို ၎င်းက အသေးစိတ် မပြောပါဘူး။

ပင်လယ်ကွေ့ဒေသတွင်း ဩဇာကြီးမားတဲ့ မဟာမိတ်နိုင်ငံတွေ ပါဝင်ကူညီနေခြင်းက ပဋိပက္ခ တွေ မကြီးထွားလာစေဖို့ သံတမန်ရေးအရ ဝိုင်းဝန်းကြိုးပမ်းနေတာကို ပြသနေပါတယ်။

ဆွေးနွေးပွဲတွေ မရှိပါဘူးလို့ အီရန်က အပြင်းအထန် ငြင်းဆိုနေမှုအပေါ် သတင်းထောက်တွေက မေးမြန်းရာမှာ လျှို့ဝှက်ထားရှိခြင်းဟာ အီရန်ရဲ့ ထုံးစံအတိုင်းပဲလို့ ဒေါ်နယ်ထရမ့်က တုံ့ပြန်ပါတယ်။

အီရန်တာဝန်ရှိသူတွေဟာ နာရီပေါင်းများစွာ ဆွေးနွေးနေကြပေမယ့် ပြင်ပသို့ ထုတ်ပြောလေ့မရှိ ဘဲ လက်ရှိအချိန်မှာပင် ဆွေးနွေးမှုတွေ ရှိနေတယ်လို့ သူက အတည်ပြုပါတယ်။

ဆွေးနွေးပွဲတွေမှာ အဆင့်နှစ်ဆင့်ပါဝင်ပြီး ပထမအဆင့်အနေနဲ့ အရေးပါတဲ့ ဟော်မုဇ်ရေလက် ကြား ပြန်လည်ဖွင့်လှစ်ရေးကို အဓိက ဆွေးနွေးနေပါတယ်။

ဒုတိယအဆင့်မှာ အီရန် နျူကလီးယားအစီအစဉ်တွေကို အသေးစိတ် ဆွေးနွေးသွားမှာဖြစ်ရာ အ မေရိကန်အနေနဲ့ ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်း လုံခြုံရေးကို ဦးစားပေး လုပ်ဆောင်နေတာ တွေ့ရပါတယ်။

ကိုးကား – Anadolu
Ref; Trump gives Iran ‘last chance’ warning before ‘decapitation’