ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်

မဟာမိတ်နိုင်ငံတွေရဲ့ တောင်းဆိုမှုကြောင့် အီရန်နိုင်ငံအပေါ် စစ်ရေးအရ အကြီးအကျယ် တိုက် ခိုက်မယ့် အစီအစဉ်ကို ခေတ္တဆိုင်းငံ့လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်စစ်တပ်က ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး တိုက်ခိုက်မှုပြုလုပ်ဖို့ စီစဉ်ထား ခဲ့ပေမယ့် ဆော်ဒီအိမ်ရှေ့မင်းသားအပါအဝင် မဟာမိတ်ခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံချက်ကြောင့် သံ တမန်ရေးရာနည်းလမ်းကို အချိန်ပိုပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မဟာမိတ်ခေါင်းဆောင်တွေက တိုက်ခိုက်မှုတွေ ပြုလုပ်ခြင်းထက် ငြိမ်းချမ်းစွာ သဘောတူညီ ချက်ရရှိရေးကို ပိုမိုလိုလားကြောင်း ပြောဆိုခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို ပြောပါ တယ်။

လက်ရှိ ဆွေးနွေးနေတဲ့ သဘောတူညီချက်တွေမှာ ကမ္ဘာ့စွမ်းအင်လမ်းကြောင်းအတွက် အရေးပါ တဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေးနဲ့ အီရန် နျူကလီးယားအရေးကိစ္စများ ပါဝင်မယ်လို့ ၎င်းက ဆိုပါတယ်။


အမေရိကန်နဲ့ အီရန်တို့ကြား တိုက်ပွဲတွေ စတင်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့နောက်ပိုင်း စစ် ရေးအရ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းမယ်လို့ ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ် ပြောဆိုခဲ့ပေမယ့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲတွေ ပျက်ပြားခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ်ဘာဂါအီက ဟော်မုဇ်ရေလက် ကြားဟာ စစ်ပွဲမဖြစ်ပွားမီ မူလအခြေအနေသို့ မည်သည့်အခါမျှ ပြန်လည်ရောက်ရှိမှာမဟုတ်ဘူးလို့ ပြော ဆိုထားပါတယ်။

ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောတွေ သွားလာရေးနဲ့ပတ်သက်ပြီး အိုမန်နိုင်ငံနဲ့ ဆွေးနွေးမှု တွေ ရှိနေပေမယ့် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ဖို့ လက်ရှိအချိန်အထိ မည်သည့်ဆွေးနွေးမှုမျှ မရှိ သေးဘူးလို့ အီရန်က ငြင်းဆိုထားပါတယ်။

အီရန် ကာကွယ်ရေးဝန်ကြီးက အမေရိကန်ရဲ့ ကြေညာချက်နဲ့ ပတ်သက်၍ မိမိတို့အနေနဲ့ အံ့အား သင့်ခြင်းမရှိဘဲ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ရှိကြောင်း လူမှုကွန်ရက်မှာ ရေးသား ခဲ့ပါတယ်။

မဟာမိတ်နိုင်ငံတွေရဲ့ ကြားဝင်စေ့စပ်ပေးမှုရှိပေမယ့် အီရန်ခေါင်းဆောင်ပိုင်းမှာ အမေရိကန်နဲ့ လုံးဝဆွေးနွေးပွဲ မလုပ်လိုသူတွေနဲ့ စစ်ရေးအရ ဖိအားပေး ဆွေးနွေးလိုသူတွေကြား သဘောထားကွဲလွဲမှု တွေ ရှိနေပါတယ်။

ဒေါ်နယ်ထရမ့်က လာမည့်ရက်ပိုင်းအတွင်း နှစ်ဘက်ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့ မျှော် လင့်ကြောင်း ပြောဆိုထားပေမယ့် အဆိုပါဆွေးနွေးပွဲတွေမှာ ဘယ်သူတွေ ပါဝင်မယ်ဆိုတာကို အသေး စိတ် ပြောဆိုခြင်း မရှိသေးပါဘူး။

ကိုးကား – AP
Ref; Trump planned ‘biggest attack since World War II’ before halting Iran strikes