ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်

 

စပိန်နိုင်ငံပိုင် ဆီယူတာနယ်မြေအတွင်းသို့ ရွှေ့ပြောင်းအခြေချသူတွေ တိုးဝှေ့ဝင်ရောက်မှုကြောင့် လူ ၇၂ ဦးထက်မနည်း သေဆုံးကာ ဥရောပတစ်ဝှမ်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အငြင်းပွားမှုတွေ ပြန် လည်စတင်လာပါတယ်။

 

မြောက်အာဖရိကရှိ စပိန်နိုင်ငံပိုင် ဆီယူတာနယ်မြေသို့ ရွှေ့ပြောင်းအခြေချသူ လူငယ် ၅၀၀၀၀ မှ ၆၀၀၀၀ ခန့် တိုးဝှေ့ဝင်ရောက်ခဲ့ပြီးနောက် စပိန်အာဏာပိုင်တွေဟာ ရေပြင်အတွင်း ကျန်ရှိနေတဲ့ ရုပ်အ လောင်းတွေကို ဆက်လက် ရှာဖွေလျက်ရှိပါတယ်။

 

အများစုမှာ ပင်လယ်ကို ဖြတ်ကူးစဉ် ရေနစ်သေဆုံးခဲ့ကြတာဖြစ်ပြီး အချို့မှာ ကမ်းခြေအကာအရံ တံတိုင်းအနီး တိုးဝှေ့နင်းမိရာမှ သေဆုံးခဲ့ကြတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ အစုလိုက်အပြုံလိုက် နယ်စပ်ဖြတ်ကျော်မှုကြောင့် လူဦးရေ ၈၄၀၀၀ ခန့်သာရှိတဲ့ ဆီယူ တာမြို့ လူဦးရေမှာ ထက်ဝက်ကျော် ရုတ်တရက် တိုးပွားသွားခဲ့ပါတယ်။

 

တနင်္ဂနွေနေ့မှာ ရွှေ့ပြောင်းအခြေချသူ အများအပြားဟာ အိမ်နီးချင်း မော်ရိုကိုနိုင်ငံသို့ ပြန်ထွက် ခွာသွားပေမယ့် အချို့မှာ မြို့တွင်း၌ ကျန်ရှိနေပြီး အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ရှောင်တိမ်းနေပါတယ်။

 

ယခုလို လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် စပိန်နဲ့ ဥရောပတစ်ဝှမ်းမှာ လူဝင်မှုကြီးကြပ်ရေးဆိုင် ရာ နိုင်ငံရေး အငြင်းပွားမှုတွေ ပိုမို ပြင်းထန်လာခဲ့ပါတယ်။

 

စပိန်နိုင်ငံ လက်ယာယိမ်း Vox ပါတီခေါင်းဆောင် ဆန်တီယာဂိုအာဘက်စ်ကယ်က ဆီယူတာသို့ သွားရောက်ခဲ့ပြီး ယခု ဖြစ်စဉ်ကို ကျူးကျော်ဝင်ရောက်မှုလို့ ခေါ်ဆိုကာ နယ်စပ်ကို မကာကွယ်နိုင်တဲ့ အစိုး ရကို ပြင်းပြင်းထန်ထန် ပြစ်တင်လိုက်ပါတယ်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုဖြစ်စဉ်ကြောင့် ဆီယူတာနယ်မြေကို အန္တရာယ်ရှိတဲ့ အဆင့် ၃ ခရီးသွားသတိပေးချက်အဖြစ် သတ်မှတ်လိုက်ပါတယ်။

 

မော်ရိုကိုမှ ရွှေ့ပြောင်းအခြေချသူတွေ ထိန်းချုပ်မရအောင် အစုလိုက်အပြုံလိုက် ရောက်ရှိလာမှု ဟာ မခန့်မှန်းနိုင်တဲ့ အန္တရာယ်ရှိသော လုံခြုံရေးအခြေအနေတွေ ဖြစ်ပေါ်စေနိုင်ကြောင်း အမေရိကန်က သတိပေးထားပါတယ်။

 

ကိုးကား – Fox News
Ref; At least 72 dead amid mass migrant rush to storm Spanish enclave of Ceuta sparking border crisis