ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ် မယ်လို့ ခြိမ်းခြောက်လိုက်ပြီး ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်လှစ်နိုင်ဖို့ ဖိအားပေးနေချိန်မှာ ရေလက် ကြားအတွင်း ဆီတင်သင်္ဘောတစ်စင်း ထပ်မံ တိုက်ခိုက်ခံခဲ့ရပါတယ်။
အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမှုတွေဟာ နောက်ထပ် အချိန်အတန်ကြာ ဆက်ရှိနေဦးမယ် လို့ မေရီလန်းပြည်နယ်ရှိ ကန့်ဒေးဗစ်အပန်းဖြေစခန်းမှာ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။
အီရန်က ထပ်မခံနိုင်တော့တဲ့အထိ အမေရိကန်အနေနဲ့ အပြင်းအထန် ဆက်လက်တိုက်ခိုက်သွား မယ်လို့ သူက သတိပေးခဲ့ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီးဗစ်က အီရန်ဟာ ပြီးခဲ့တဲ့လက အပစ်အခတ်ရပ်စဲ ရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပေမဲ့ ကတိဖောက်ဖျက်ပြီး ကုန်သွယ်ရေးသင်္ဘောတွေကို ပစ်ခတ်ခဲ့သ လို အမေရိကန်တပ်ဖွဲ့ဝင်တွေကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ပြစ်တင်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်အနေနဲ့ ဒီလိုအကြမ်းဖက်မှုမျိုးကို ဒီအတိုင်း ကြည့်နေမှာမဟုတ်ဘဲ ဆွေးနွေးပွဲစား ပွဲဝိုင်းဆီ အီရန်က မလာမချင်း အရေးယူခံရလိမ့်မယ်လို့ အိမ်ဖြူတော်က သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
တင်းမာမှုတွေ မြင့်တက်လာလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အရှေ့အလယ်ပိုင်းဒေသ ရှိ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေးဗီးယား၊ အစ္စရေးအပါအဝင် နိုင်ငံ ၁၀ ခုရှိ အမေရိကန် နိုင်ငံသားတွေကို ခရီးသွားသတိပေးချက်အသစ် ထုတ်ပြန်ထားပါတယ်။

ကူဝိတ်နိုင်ငံဟာ အီရန်က စေလွှတ်လိုက်တဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တုံ့ပြန်ခဲ့ပြီး အဆောက်အ အုံအချို့ ထိမှန်ခဲ့ပေမဲ့ လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အိုမန်ကမ်းလွန် ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောတစ်စင်း စနေနေ့က တိုက်ခိုက်ခံရ ပြီး စက်ခန်းပျက်စီးသွားခဲ့သလို အခြားသင်္ဘောတစ်စင်းအနီးမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဗြိ တိန်ရေတပ်က အတည်ပြုထားပါတယ်။
အိုမန်ကမ်းလွန်အနီး သောင်တင်နေတဲ့ ဒဏ်ခတ်အရေးယူခံ ရေနံတင်သင်္ဘောတစ်စင်းကနေ ရေ နံစိမ်းတွေ ယိုစိမ့်ထွက်နေတာကို ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရှိရပါတယ်။
အီရန်နိုင်ငံဟာ အမေရိကန်နဲ့ ပဋိပက္ခရဲ့ အစိတ်အပိုင်းအဖြစ် ခွင့်ပြုချက်မရှိဘဲ ဟော်မုဇ်ရေလက် ကြားကို ဖြတ်သန်းသွားလာဖို့ ကြိုးပမ်းတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်နေတာ ဖြစ်ပါတယ်။
ကိုးကား – AP
Ref; Trump threatens more strikes on Iran, and other developments in the Middle East