ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၆ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရွေးတုအစိုးရစစ်တပ်နှင့် ပျူစောထီးအဖွဲ့များက မြို့နယ်အနှံ့မှ ပေါ်တာဆွဲ ဖမ်းဆီးလာသည့် လူငယ်များကို စုပုံချုပ်နှောင်ထားသည့် အထိုင်စခန်းအဖြစ် အသုံးပြုနေကြောင်း မြို့ခံများထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်နှင့် ပျူစောထီးများသည် ပေါ်တာဆွဲ ဖမ်းဆီးလာသည့် လူငယ်များကို အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ အဓိက ပို့ဆောင်ထားခြင်းဖြစ်သည်။ လက်ရှိတွင် ပျောက်ဆုံးနေသည့် လူငယ်များစွာသည် အဆိုပါရုံးအတွင်း၌ ဖုန်းများ သိမ်းဆည်းခံရပြီး သော့ခတ် ချုပ်နှောင်ခံထားရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့ပြင် ရွေးတုအစိုးရစစ်တပ်သည် လူငယ်များကို စစ်မှုထမ်းရန် စာရွက် စာတမ်းဖြင့် ကြိုတင် အကြောင်းကြားခြင်း သို့မဟုတ် မဲနှိုက်ခြင်းများ ပြုလုပ်ခြင်း မရှိဘဲ အိမ်တိုင်ရာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီးမှသာ မိသားစုထံ စစ်မှုထမ်းကျသည်ဆိုသည့် စာရွက်များ ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်တပ်သည် လူငယ်များကို စစ်မှုထမ်းရန် စာရွက်စာတမ်းဖြင့် ကြိုတင်အကြောင်းကြားခြင်း သို့မဟုတ် မဲနှိုက်ခြင်းများ ပြုလုပ်ခြင်းမရှိဘဲ အိမ်တိုင် ရာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီးမှသာ မိသားစုထံ စစ်မှုထမ်းကျသည်ဆိုသည့် စာရွက်များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်က ဖမ်းဆီးစဉ် ပေးခဲ့သည့် စာရွက်ပေါ်တွင် ခဲတံဖြင့် အမှတ်စဉ် (၂၈) ဟု ရေးသားထားပြီး ယခုအခါ စစ်မှုထမ်းသင်းတန်း အမှတ်စဉ် (၂၉) အထိ ရောက်ရှိနေပြီဖြစ်သည်။
ဓာတ်ပုံ- voice of Mandalay