WASHINGTON, DC - JULY 04: U.S. President Donald Trump, joined by Republican lawmakers, signs the One, Big Beautiful Bill Act into law during an Independence Day military family picnic on the South Lawn of the White House on July 04, 2025 in Washington, DC. After weeks of negotiations with Republican holdouts Congress passed the "One, Big Beautiful Bill" Act into law, President Trump’s signature tax and spending bill. The bill makes permanent President Donald Trump’s 2017 tax cuts, increase spending on d
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မီဒီယာလုပ်ငန်းရှင် ရူးပါ့တ်မာဒေါ့ခ်နဲ့ Wall Street Journal (WSJ) သတင်းစာတို့ကို ဒေါ်လာ ၁၀ ဘီလီယံ လျှော်ကြေးတောင်းပြီး တရားစွဲဆိုထားတဲ့ အသရေဖျက်မှုကို ဖလော်ရီဒါ ဖက်ဒရယ်တရားသူကြီးက အပြီးသတ် ပယ်ချလိုက်ပါတယ်။
ဖက်ဒရယ်တရားသူကြီး ဒါရင်ဂေးလ်စ်က WSJ သတင်းစာရဲ့ ဖော်ပြချက်ဟာ ရည်ရွယ်ချက်ရှိရှိ ပုတ်ခတ် တာဆိုတဲ့ အချက်အလက်ကို ဒေါ်နယ်ထရမ့်က ခိုင်လုံတဲ့ အထောက်အထား မပြနိုင်ခဲ့ဘူးလို့ ဆုံးဖြတ် ပါတယ်။အမေရိကန် ဥပဒေအရ အသရေဖျက်မှု အနိုင်ရဖို့ဆိုရင် စွပ်စွဲခံရသူဟာ မှားယွင်း နေမှန်း သိရက်နဲ့ သို့မဟုတ် ပေါ့ဆစွာနဲ့ ပုတ်ခတ်ပြောဆိုခဲ့တာဖြစ်ကြောင်း သက်သေပြဖို့ လိုအပ်ပါတယ်။
ဒါရင်ဂေးလ်စ်က ဒေါ်နယ်ထရမ့်ရဲ့စွပ်စွဲချက်တွေဟာ အကြောင်းပြချက် မခိုင်လုံဘဲ အဓိပ္ပာယ်မဲ့ အတင်းအကျပ် စွပ်စွဲထားတာလို့ မှတ်ချက်ပေးပါတယ်။
ဒီအမှုဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီအက်ပ်စတိုင်းနဲ့ ဒေါ်နယ်ထရမ့် တို့ကြား ဆက်နွှယ်မှုကို WSJ သတင်းစာက ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ဖော်ပြခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။WSJ သတင်းစာရဲ့ ဖော်ပြချက်မှာ ၂၀၀၃ ခုနှစ်က အက်ပ်စတိုင်းရဲ့ အသက် ၅၀ ပြည့် မွေးနေ့အတွက် ဒေါ်နယ်ထရမ့် ရေးပေးခဲ့တယ်ဆိုတဲ့ မွေးနေ့ဆုတောင်းစာ လျှို့ဝှက်ချက် ပါဝင်နေခဲ့တာပါ။
မွေးနေ့ဆုတောင်းစာမှာ အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ပုံစံ ရေးဆွဲထားပြီး ဒေါ်နယ်ထရမ့်ရဲ့ လက်မှတ် ပါဝင်နေတယ်လို့ ဆိုပေမဲ့ ဒေါ်နယ်ထရမ့်က ဒီစာနဲ့ လက်မှတ်ဟာ သူနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က WSJ သတင်းစာရဲ့ ဖော်ပြချက်ဟာ သတင်းမှား ဖြစ်သလို မိမိရဲ့ ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေတယ်ဆိုပြီး ဒေါ်လာ ၁၀ ဘီလီယံ လျှော်ကြေးတောင်းကာ တရားစွဲဆိုခဲ့ပါတယ်။
တရားသူကြီးက အမှုကို အပြီးသတ် ပယ်ချလိုက်လို့ ဒေါ်နယ်ထရမ့်အနေနဲ့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ထပ်မံ တရားစွဲဆိုခွင့် မရှိတော့ပါဘူး။ ဒေါ်နယ်ထရမ့်မှာ BBC နဲ့ New York Times စတဲ့ အခြား မီဒီယာအဖွဲ့အစည်းတွေကို တရားစွဲဆိုထားတဲ့ အသရေဖျက်မှုတွေလည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
News: Al Jazeera
Ref; Trump loses legal battle over Epstein-linked Wall Street Journal case