ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်
ရုရှားရဲ့ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမြို့တော် ကိယက်ဗ်တွင် လူ ကိုး ဦး ထက် မနည်း သေဆုံးခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှားဟာ ဒုံးကျည် ၃၅ စင်း၊ ဒရုန်း ၁၈၅ စင်းနဲ့ တိုက်ခိုက်ခဲ့ပြီး အဓိကပစ်မှတ်မှာ ကိယက်ဗ်မြို့ ဖြစ်သလို အခြားမြို့တွေကိုလည်း ထိမှန်ခဲ့တယ်လို့ စနေနေ့မှာ ပြောဆိုခဲ့ပါ တယ်။
ကိယက်ဗ်မြို့တော်ဝန် ဗီတာလီကလစ်ချ်ကိုက ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူ ၂၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုထားပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကိယက်ဗ်မြို့ရှိ စစ်ဘက်ဆိုင်ရာလုပ်ငန်းတွေကို လက်နက်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဇီလန်စကီးက ရုရှားဒုံးကျည်တွေကို ပစ်ချနိုင်ဖို့ အမေရိကန်လုပ် ပက်ထရီယော့ လေကြောင်းရန် ကာကွယ်ရေးစနစ် ကူညီပေးဖို့ မဟာမိတ်နိုင်ငံတွေကို အစဉ်တစိုက် တောင်းဆိုနေပါတယ်။
သောကြာနေ့က အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်နဲ့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပြီး ဒုံးခွင်းစ နစ် ရရှိရေးအတွက် ကူညီပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ နှစ်နိုင်ငံကြား ဆက်လက်ဆက်သွယ်ဖို့ သဘောတူ ခဲ့ကြောင်း ၎င်းက ပြောပါတယ်။
ကိုးကား – NHK
Ref; Russian missile, drone attacks leave 9 dead in Kyiv