ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကို ဖျက်သိမ်းဖို့ အမေရိကန်နိုင်ငံရဲ့ ကြိုးပမ်းမှုဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ အခြားသူတွေကို အရေးယူခံရမှုမှ ကာကွယ်ဖို့ဖြစ်ပြီး မိမိ အတွက် မဟုတ်ဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေတဲ့ ICC ကို ဆန့်ကျင်ကြောင်း ကမ်ပိန်း စတင်ခဲ့ပြီးနောက် အဖွဲ့ဝင် ၅ နိုင်ငံက တရားရုံးမှ နှုတ်ထွက်ဖို့ ပြင်ဆင် နေကြပြီဟု သတင်းပို့ခဲ့အပြီး ဒေါ်နယ်ထရမ့်က ယခုလို မှတ်ချက်ပေးတာပါ။

ဒေါ်နယ်ထရမ့်က ICC အနေနဲ့ သူ့ကို အရေးယူဖို့ ဆောင်ရွက်နေတယ်ဆိုတဲ့ အချက်အလက် မရှိ သေးကြောင်း၊ ရူဘီယိုရဲ့ ဆောင်ရွက်ချက်တွေဟာ နေတန်ယာဟုနဲ့ အခြားသူတွေကို ကာကွယ်ပေးဖို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရူဘီယိုက အဓိက အန္တရာယ်ရှိနေသူတွေဟာ အမေရိကန် စစ်မှုထမ်းတွေဖြစ်ပြီး စစ်ပွဲအတွင်း ပါ ဝင်ဆောင်ရွက်ခဲ့မှုတွေအတွက် နောင်တစ်ချိန်မှာ တရားစွဲဆိုခံရနိုင်ခြေ ရှိနေတာကြောင့်လို့ ပြန်ရှင်းလင်း ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကို စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် လွန်ကျူးတဲ့ပြစ်မှုတွေကို အရေးယူဖို့ ၂၀၀၂ ခုနှစ်မှာ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ICC ရဲ့ အဖွဲ့ဝင်မဟုတ်ပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်မြေအတွင်း ပြစ်မှုကျူး လွန်ပါက အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံသားတွေကိုပါ စုံစမ်းအရေးယူပိုင်ခွင့် အာဏာရှိနေတာပါ။

ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း စွပ်စွဲချက်နဲ့ ICC က နေတန်ယာဟုကို ဖမ်းဝ ရမ်းထုတ်ခဲ့ပြီးနောက် အမေရိကန်က ICC တာဝန်ရှိသူတွေကို အရေးယူဖို့ ပြင်ဆင်ခဲ့ပါတယ်။
ရူဘီယိုက တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေကို

ပြည်နှင်ဒဏ်ပေးမှုနဲ့ မူးယစ်ဆေးဝါးသယ် ဆောင်တဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေအတွက် အမေရိကန်တပ်ဖွဲ့ဝင်တွေကို အရေးယူတဲ့ လုပ် ဆောင်ချက်တွေကို ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ အခြားနိုင်ငံတွေကိုပါ ICC ကနေ နှုတ်ထွက်ဖို့ စည်းရုံးမှာဖြစ်ပြီး တရားရုံးနဲ့ ဆက်စပ်အဖွဲ့အစည်းတွေအပေါ် ခရီးသွားလာခွင့် ပိတ်ပင်တာနဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ စီစဉ်နေ ပါတယ်။

အမေရိကန်အစိုးရရဲ့ ဖိအားပေးတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်တယ်ဆိုပြီး ICC တရားသူကြီးတွေနဲ့ အမေရိကန် လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တရားဥပဒေကြောင်းအရ ပြန်ရင် ဆိုင်နေပါတယ်။

ကိုးကား – Reuters
Ref; Trump says ICC campaign aimed at defending Netanyahu, not himself