ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်
ဂျပန် နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီမတ်ဆုက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့အတွက် ဂျပန်အစိုးရရဲ့ ရပ်တည်ချက် သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ရေးဟာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့အ တွက် ပထမဆုံး မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်လို့ ၎င်းက ထောက်ပြခဲ့ပါတယ်။
ဒုတိယအချက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ် ပေးရေးနဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ရိုးသားတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
ဒီလိုဆောင်ရွက်ချက်တွေဟာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်တွေဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ မိုတီဂီက အတည်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့အခြေအနေ တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်စေရေးအတွက် ဂျပန်နိုင်ငံက ကြိုးပမ်းသွားမယ်လို့ ၎င်းက ဆိုပါတယ်။
ဒီရည်မှန်းချက် အကောင်အထည်ပေါ်ဖို့အတွက် မြန်မာအာဏာပိုင်တွေအပါအဝင် သက်ဆိုင်သူ အဖွဲ့အစည်းအားလုံးနဲ့ ဂျပန်နိုင်ငံက လက်တွဲဆောင်ရွက်မယ်လို့ သူက ဆက်ပြောပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာကို သိရှိထားကြောင်း ၎င်းက ဖြည့်စွက်ပြောပါတယ်။
ကိုးကား – Arab News
Ref; Japan’s clarified stance on Myanmar relations