ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်

အမေရိကန်နိုင်ငံဟာ အီရန်နိုင်ငံရှိ ပစ်မှတ်တွေကို တိုက်ခိုက်မှု ခေတ္တရပ်နားထားရာကနေ ကြာသပတေးနေ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်စတင်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့တွေကို အီရန်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တာကြောင့် တုံ့ပြန်တာလို့ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က ပြော ပါတယ်။

ပြီးခဲ့သည့်ရက်ပိုင်းက အီရန်ပိုင်နက်ထဲမှ ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို အမေရိကန်က ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အဆိုပါဒုံးကျည်တွေဟာ ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်းကို ပစ်မှတ်ထားခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

သံတမန်ရေးအရ ဆွေးနွေးနိုင်ဖို့ စစ်ရေးလှုပ်ရှားမှုတွေကို အမေရိကန်က ခေတ္တဆိုင်းငံ့ပြီးနောက် အီရန်က အမေရိကန်စစ်စခန်းကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အီရန်ရဲ့ ဒီလုပ်ရပ်အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ ပြန်သွားမှာဖြစ်ပြီး အီရန်အနေနဲ့ ပြင်းထန်တဲ့ ထိခိုက်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

အမေရိကန်နဲ့ ဆော်ဒီအာရေဗျတို့ ပူးပေါင်းပြီး အီရတ်နိုင်ငံရှိ အီရန်ကျော ထောက်နောက်ခံပြု အဖွဲ့တွေကို အင်္ဂါနေ့ညပိုင်းက တိုက်ခိုက်ခဲ့ရာ လူ ၂၀ ဉီးထက်မနည်း သေဆုံးခဲ့ပါတယ်။

အဆိုပါစစ်ဆင်ရေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမေရိကန်တပ်ဖွဲ့တွေနဲ့ ဆော်ဒီစွမ်းအင်အခြေခံ အဆောက်အအုံများအပေါ် ဒရုန်းပေါင်း ၃၀ ကျော်နဲ့ တိုက် ခိုက်ခဲ့မှုအပေါ် ပြန်လည်တုံ့ပြန်မှုလို့ CENTCOM က ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်စတင်လိုက်တာဟာ ဒေသတွင်း ကြားခံများမှတစ်ဆင့် သံ တမန်ရေးအရ သွယ်ဝိုက်ဆွေးနွေးမှုများ ရှိနေချိန်မှာ ဝါရှင်တန်နဲ့ တီဟီရန်ကြား တင်းမာမှုတွေကို မြင့် တက်စေခဲ့တာပါ။

ဒေါ်နယ်ထရမ့်က အီရန်နဲ့ ဆွေးနွေးမှုတွေ အဆင်ပြေနေပြီး သဘောတူညီချက်ရရှိဖို့ အခွင့်အလမ်း ရှိပေမယ့် ဆွေးနွေးပွဲ ပျက်ပြားပါက စစ်ရေးတိုက်ခိုက်မှုတွေ ပြန်လည်စတင်မယ်လို့ ပြောကြား ခဲ့ပါတယ်။

သံတမန်ရေး လမ်းကြောင်းတွေ ပွင့်နေဆဲဖြစ်ပေမယ့် နှစ်ဖက်စလုံးက စစ်ရေးအရ ဆက်လက် တုံ့ ပြန်ဖို့ ပြင်ဆင်နေလို့ ဒေသတွင်း စစ်ပွဲကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ကိုးကား – India Today
Ref; US resumes air strikes on Iran after missile attack on American base in Jordan